ပူတာအိုခရိုင်၌ အထွက်တိုး စပါးဆင်းဧကရီ-၃ စိုက်ပျိုးနည်းပညာသင်တန်းဖွင့်လှစ်ပို့ချ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ဒေသဝမ်း စာဖူလုံရေးအတွက် မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ် ပြောင်းလဲခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ရောစပ်သုံးစွဲခြင်းတို့ကို တောင်သူအချင်းချင်း လက်ဆင့်ကမ်းမျှဝေနိုင်ရေး အကျိုးဆောင် တောင်သူ စိုက်ပျိုးရေး စေတနာ့ဝန်ထမ်းများအား အထွက်တိုးစပါး ဆင်းဧကရီ-၃ စိုက်ပျိုးနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။