ကချင်ပြည်နယ်

ပူတာအိုမြို့ မြို့မဈေး၌ Mask Campaign ပြုလုပ်ခြင်းနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော်

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနိူးဆော်ခြင်းနှင့်Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်(၇)နာရီက ပူတာအိုမြို့ မြို့မစည်ပင်သာယာဈေး၌ ပူးပေါင်းအဖွဲ့များကဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုမြို့၌ ရဝမ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ် အဆို၊ အက၊ အတီး၊ အမှုတ် သင်တန်းဆင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် ရဝမ်တိုင်းရင်းသားဘိုးဘေးများမှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းလာခဲ့သော အဆို၊ အက၊ အတီး၊ အမှုတ်များသည် ခေတ်အခြေအနေကိုလိုက်သော အဆို၊အက၊အတီး၊ အမှုတ်များ၏ လွှမ်းမိုးမှုကြောင့် သမိုင်းအမွေအနှစ်များ တိမ်ကောလုနီးပါးဖြစ်လာခြင်းကြောင့် သမိုင်းအမွေအနှစ်များအား လက်ဆင့်ကမ်းထိန်း သိမ်းနိုင်စေရန် ဖွင့်လှစ်ခဲ့သော ရဝမ်တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအမွေအနှစ် အဆို၊အက၊အတီး၊အမှုတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲ က ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးနှင့် မြို့မဈေးများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်၌ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားအား ခမ်းနားစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ကချင်ပြည်နယ်ကျောက်မျက် လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံညှိနှိုင်းပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ထပ်မံကူးစက်လာမှုနှင့် စပ်လျဉ်း၍ ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေး ခရိုင်/ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့လယ်(၁၁)နာရီတွင် ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်သီတာမိုးက ဒေသန္တရစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သက်ဆိုင်သူအား လုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကလေးငယ်များ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံ တွင် ယနေ့ နံနက် (၉)နာရီမှစ၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ခု နှစ် ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်