ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ကို ဗဟိုမဏ္ဍပ်၌ပျော်ရွင်စွာဆင်နွဲပြီး ဗဟိုမဏ္ဍပ်အား စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်း
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီးဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကိုပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ကို ညနေ (၅)နာရီတွင် စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်းသိရသည်။