ဒေါ့ဖုန်းယန်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာအရှေ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းဘေးတွင် ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။