ကချင်ပြည်နယ်

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်(၆)ခုဖြင့် ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ဆောင်ရွက်ထား

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ နှစ်စဉ်ကျင်းပခဲ့ရာ ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ် (၆)ခုဖြင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။

မချမ်းဘော့မြို့နယ်တွင် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါးတိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကောင်းမှုလုံကျေးရွာအုပ်စု နမ်ဘူယာန်ကျေးရွာနှင့် ငွါးဇာခါးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် ဆန်စက်မြေနေရာပန္နက်တင်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန်အတွက် တစ်ရက်လျှင်(၁၈)တန်ထွက်ရှိမည့် ဆန်စက်တည်ဆောက်နိုင်ရေးအတွက် မြေနေရာသတ်မှတ်ခြင်းနှင့်ပန္နက်တင်ဆုတောင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီက ပူတာအိုမြို့လုံးစွတ်ရပ်ကွက် ပက်ထရိုစက်သုံးဆီအရောင်းဆိုင်အနီး မြေနေရာ၌ကျင်းပသည်။

တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင်အားကစားသမားများအား ကြိုဆိုဂုဏ်ပြု

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊  နည်းပညာတက္ကသိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲတွင်တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင် အားကစားသမားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်လေဆိပ်ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့် ယိမ်းအဖွဲ့များ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြစ်ကြီးနားမြို့၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၌ မဟာသင်္ကြန်ပွဲတော်တွင် ပြိုင်ပွဲဝင်မည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့များ၏ ဝတ်စုံပြည့်လေ့ကျင့်ကပြမှုကို ကြည့်ရှုအားပေးခဲ့သည်။

မိုးကောင်းမြို့၌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက် ထေရဝါဒသာသနာပြုစန္ဒာရာ မသီလရှင်စာသင်တိုက်ပဓါနနာယက ဒေါ်ယုစန္ဒာအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဂုဏဝိသိဋ္ဌပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် သင်္ကြန်ပွဲတော်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စိန်မော့ပညာရေးကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ Northen Star ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နွေရာသီအားကစားသင်တန်းဆင်းပွဲသို့ တက်ရောက်၊ မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၃ ခုနှစ် မတ်လအတွင်းမှ ကျောင်းသား လူငယ်လူရွယ်များအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများပူးပေါင်း၍ အားကစားနည်း ၁၉ နည်းဖြင့်  ဖွင့်လှစ်ပေးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစား သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မဟာသင်္ကြန်ကာလအတွင်းရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ ပထမအကြိမ် စုပေါင်းဒုလ္လဘရ ဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်လျှက်ရှိသောဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများအား မဟာ သင်္ကြန်ပွဲတော်ကာလနှင့် မြန်မာနှစ်သစ်ကူး အခါသမယ၌ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလ ရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

မချမ်းဘော့၌ စာပေဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စိတ်ခွန်အားမြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်