ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကာလအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အမျိုးသမီးများအပေါ် ဒီဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေး ဆောင်ပုဒ်ဖြင့် အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ပြုလုပ်သည်။