ကချင်ပြည်နယ်

မချမ်းဘော၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုနည်းဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပုန်ခုန်းကောင်းရပ်ကွက်၊ ပီနံခ အပိုင်း(AG)မင်္ဂလာဘုရားကျောင်းဝန်းအတွင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လူငယ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

 “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လူငယ်စွမ်းရည် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန် ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေး

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်း၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်လုပ်ငန်းရှင်များ (၁၁၀)ဦးတို့အား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ တက္ကသိုလ်အဆင့်နှင့်အခြေခံပညာအဆင့် စကားရည်လုပြိုင်ပွဲဗိုလ်လှပွဲနှင့် သီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း(မြစ်ကြီးနား)တို့ပူးပေါင်း၍ ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)ရှိ သင်တန်းခန်းမ၌ သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲအား တက်ရောက်အားပေး

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသောအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရဗဟုသုတပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခေါင်လန်ဖူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်၏ (၂၀) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက်၏ (၂၀) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲကို ဩဂုတ် (၈) ရက်ညနေ (၃) နာရီတွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်