ကချင်ပြည်နယ်

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ဆုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စံနှုန်းများနှင့်အညီ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများနှင့် စက်သုံးဆီများ စံနှုန်း၊ ညွှန်ကြားချက်များ နှင့်အညီ ရောင်းချနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မိုးကောင်းမြို့သို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းဓမ္မာရုံ၌ ရှမ်းမျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော ရှမ်းမျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရှမ်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် မျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်အတွင်းရှိ ရှမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စကားပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း ပယင်းအကြမ်းထည်နှင့် အချောထည်များ ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း၌ ထွက်ရှိသည့် အဖိုးတန်တွင်းထွက် လက်ဝတ်ရတနာတစ်မျိုးဖြစ်သည့် ပယင်းကို မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာဈေးအတွင်း ရောင်း ချလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပယင်းဈေးကွက် ခိုင်မာစေရေးအတွက် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်း စတုတ္ထအဖွဲ့အား ဆက်လက်ပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယမန်နေ့နံနက်(၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ စတုတ္ထအဖွဲ့အား ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ကချင်ပြည်နယ်အတွင်း နိုင်ငံ‌တော်မှ ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈)ဘီလီယံကို ဒေသတွင်း ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများတွင် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ပြည်နယ်/ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်း အခြေခံ (၈/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံ (၈/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မချမ်းဘော၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နှင့်ဟောပြောပွဲများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာဖတ်ရှိန်မြှင့်တင်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲကို အလန်ဂါး အခြေခံ ပညာအလယ်တန်းကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်