မိုးညှင်းမြို့၌ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်းမှ သင်တန်းသူ/သားများ ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် ယခုဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်း သင်တန်းကို ဇွန် (၁၀) ရက်ကဖွင့်လှစ်ခဲ့ရာ ဤဦးစီးဌာနရုံးတွင် သင်ကြားလျက်ရှိသော သင်တန်းသူသင်တန်းသားများအနေဖြင့် ယနေ့နံနက်ပိုင်းက ဟဲလုံခေတ်မီစံပြကျေးရွာသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။