ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွာရေးရာဝန်ကြီး ဦးမျိုးဆွေတက်ရောက်ခဲ့သည်။