ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့်မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်)ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုး

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အဖြစ် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည့် ရောဂါကင်းပြီး ကြီးထွားနှုန်းကောင်းမွန်စေရေးအတွက်

မော်ချီး​ဒေသတွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင် မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖား​ဆောင်းမြို့နယ် မော်ချီး​အောက်ရွာရှိ ​​ကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ(အိုမီခရွန်) ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ် ပရဝုဏ်အတွင်း မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ လွိုင်ကော်တက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

အလုပ်သမားဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံးမှကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော အာမခံအလုပ်သမားများအား

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာကြံ့ခိုင်သော ကလေးငယ်များ မွေးဖွားလာစေရေးနှင့် မွေးဖွားပြီးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ရောဂါဘယကင်းရှင်းစေရေးအတွက်  ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းသားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူနေသော လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ ဝန်ထမ်းသားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်