ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် အားကစားသမားများနှင့် ပြိုင်ပွဲဝင်ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြ သည့် ကယားပြည်နယ်မှ အားကစားသမားများ နှင့် ပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်း များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။