ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအားတွေ့ဆုံ၍ အမှာစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။