လွိုင်ကော်မြို့တွင် ၁၃၈၃ ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊ အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ၁၃၈၃ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ (သင်္ကြန်အတက်နေ့) မွန်းလွဲပိုင်းက နောင်ယား (ခ) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ၌ ကျင်းပပြုလုပ်ခဲ့သည်။