ဖားဆောင်းမြို့နယ် တောင်ပေါ်ကျေးရွာတွင် “ပန်းခင်းစီမံချက်’” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဆော်လမွန် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကိုနိုဝင်ဘာလ(၂၅)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က တောင်ပေါ်ကျေးရွာရှိ ပြည်သူများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။