ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၀၈၅) ဦးရှိ
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပိုးတွေ့ရှိခဲ့ပြီးကယားပြည်နယ် အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၈)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ( ၈၉) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၁၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၇) ဦး၊ ရှားတော မြို့နယ်ဆေးရုံတွင် (၃)ဦး၊ ရှားတောမြိုနယ်ရှိ(PMC)များတွင် (၆)ဦး၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။