ကယားပြည်နယ်

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေးစသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှ စတင်၍ ​​တောင်​ပေါ်ကျေးရွာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊​ ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းနှင့် Volunteer များက ပူး​ပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်နေသူများအား ပြည်နယ်အစိုးရအဖွဲ့မှ ကျွေးမွေးလှူဒါန်း

ကယားပြည်နယ်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄၇) ဦးထပ်မံတွေ့ရှိရာ ယနေ့ထိ အတည်ပြုလူနာစုစုပေါင်း (၂၆၅၉) ဦး၊ ဆေးရုံဆင်းလူနာ (၂၁၅၅)ဦးရှိပြီး ပိုးတွေ့လူနာများကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၊ Positive Medical Centre များတွင် ထားရှိကုသပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ Quarantine ဝင်ရောက်နေသူလူနာများအား နံနက်စာ၊ နေ့လယ်စာ၊ ညစာဖြင့် တစ်ရက်(၃)ကြိမ် လှူဒါန်းကျွေးမွေးလျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုများ ပူးပေါင်း ပါဝင်လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှု များကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ဖား​ဆောင်းမြို့နယ်၊ ​မြောက်ပိုင်းရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်​​မောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရွာသစ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရုံးရှေ့ရှိ နံရံကပ် ပြဘုတ်၌ ပြသထားလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ခရိုင်စစ်ဆေးရေးကြီးကြပ်အဖွဲ့များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်းနေထိုင်သူ ပြည်သူများ စည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအာ လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်များကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ကယားပြည်နယ်၀န်ကြီးချုပ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေအား သွားရောက် စစ်ဆေးကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်း ထောက်ပံ့ငွေဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက် 25 m3/h မှ တစ်နေ့လျှင်အောက်ဆီဂျင် လီတာ (၄၀) အိုး ၊ အလုံး (၁၀၀) ထုတ်လုပ်နေမှု အခြေအနေအား ယနေ့ နံနက် ၉ နာရီ အချိန်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။
Subscribe to ကယားပြည်နယ်