ကယားပြည်နယ်

လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင် နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန် များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိ ပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။

ရွာသစ်မြို့၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်က ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ငွေ များကို ယနေ့ နံနက်ပိုင်းက ရပ်/ကျေး စီမံအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်းနှင့် ပိုးသတ်​ဆေးဖျန်းခြင်းများဆောင်ရွက်​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ စားဝတ်​နေ​ရေး​ ပြေလည်​စေရန်၊ ကုန်စည်စီးဆင်းမှုများ ပြတ်လပ်မှု မရှိ​စေရန်နှင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိ​ရောက်စွာ ကာကွယ်နိုင်​စေရန် ရည်ရွယ်၍ ယ​နေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ဝင်ထွက်သွားလာသည့် ယာဉ်များအား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်း၊ ပိုးသတ်​ဆေးဖျန်းခြင်းများ ​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ခရိုင်စစ်ဆေးရေးကြီးကြပ်အဖွဲ့များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ဓါတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်း နေထိုင်သူ ပြည်သူများစည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများပိုမိုသိရှိနိုင်ရေး အသိပေးနှိုး ဆော်မှုများ ဆက်လက်ဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုး ဆော်မှုများအား ရပ်ကွက်များ ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြောအ သံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည် ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၅၉)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာ ချထား​ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် တတိယ သုံးလပတ်အတွက် လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၉ ရက်​နေ့က ရပ်ကွက်နှင့် ​ကျေးရွာများအ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတို့ဖြင့် မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာ ၇ ရက်က ရပ်ကွက်နှင့် ကျေးရွာများ အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရေးကို ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်