ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖားဆောင်းပူးပေါင်း စစ်ဆေးရေး ဂိတ်နှင့် မော်ချီး အမှတ်(၂) ပူးပေါင်းစစ်ဆေးရေး ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် စားစရိတ် ထောက်ပံ့ခြင်းနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။