ကယားပြည်နယ်

ကယားပြည်နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးပပျောက် ရေး စီမံကိန်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျားမွေးမြူရေးအထောက်အကူပြု ပြည်သူ ပညာပေးသင်တန်းဖွင့်လှစ်

ခေတ်မီပျားမွေးမြူရေး အတက်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန်၊ ပျားမွေးမြူ ရေးသည် ပျားနှင့်ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘောပေါက် နားလည်ဆောင်ရွက်ရန်၊ ဒေသခံပျား အမျိုးမျိုးကို လေ့လာသုတေသန ပြု၍ ဒေသအခြေအနေ နှင့် ကိုက်ညီသော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်နိုင်ရန်၊ ဘိန်းစိုက်ပျိုးမူ ပပျောက်ရေး လုပ်ငန်းတွင် အထောက်အကူပြု လုပ်ငန်း တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကဲ့သို့တစ်ပိုင် တစ်နိုင်မွေးမြူသလို ပျားမွေးမြူရေးအား မွေးမြူလာခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလာစေရန်၊ ပျားမွေး မြူခြင်းဖြင့်ပျားစာရ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲစဉ်ငုံ၊ အစရှိသည်များကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြစ် ယနေ့ ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပိန်းချစ် ကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ကျေးရွာတို့တွင် သွားရောက်ကာ တောင်သူများအား စာတွေ့၊ လက်တွေ့ ပြသသင်ကြားခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဘောလခဲမြို့တွင် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ခွင့်ပြု ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)မှ  နောက်ဆုံးအရစ် ပေးအပ်

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့တွင် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ထောင်စု လွှတ်တော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)မှ  နောက်ဆုံးအရစ် ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်း(၃)နာရီက  ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အသိပညာပေးသင်တန်းပို့ချ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ် ပြည့်ပြီးသော အမျိုးသားလူမှုရေးပင်စင် ရရှိရေးနှင့်ပတ်သက်၍ လူမှုရေးပင်စင် အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဒီးမော့ဆိုမြို့မဈေးသို့ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ (Mask) တပ်ဆင် အသုံးပြုရေး အသိပညာပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက်

ဒီးမော့ဆိုမြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Cash For Work စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နန်းဖဲ-ဘောလခဲမြို့ကြား မိုက်စလောင်းတောင် စခန်းအနီး ဟွန်တာဖစ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးမြောင်းထဲထိုးကျ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင်း မိုက်စလောင်းတောင် စခန်းအနီး ဘောလခဲဘက်အဆင်း အကွေ့တွင် ယမန်နေ့ ညနေပိုင်း(၄)နာရီက ဟွန်တာဖစ် ခဲရောင်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲ ထိုးကျခြင်း ဖြစ်ပွားခဲ့သည်။

ဒီးမော့ဆိုမြို့နယ်ရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ကြကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ ကူးစက် ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝါဘန်းပလို့ကျေးရွာအုပ်စု ပဆေးလာကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်