ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်ကြေညာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန် ကြေညာခြင်းကို ဩဂုတ်(၃၀)ရက်က မြို့နယ်အထွေထွေရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဋ္ဌ လက်မှတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။