၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အာဟာရကျွေးမွေးစရိတ်နှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား လွိုင်ကော်တွင် ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာ ဝင်ရောက်ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရေးအတွက် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား အာဟာရဖြည့် ကျွေးမွေးစရိတ်နှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။