ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် လွိုင်ကော်ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး နှစ်ထပ်အဆောက်အအုံရုံးသစ်ဆောင်ရွက်နေမှုနှင့် အမှတ်(၄)လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် စံပြဝက်မွေးမြူရေးခြံဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဌာနဆိုင်ရာရုံးများနှင့် ရုံးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့်  ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို  ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေဆိပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊သည် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လွိုင်ကော်လေဆိပ် ဝန်ထမ်းအိမ်ရာ ၁၀၀ပေ x ၅၀ပေ လေးခန်းတွဲ နှစ်ထပ် သံကူကွန်ကရစ်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားရေးအသိပညာပေးဆွေးနွေးပွဲတက်ရောက်

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များ၊ တက်ရောက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စုပေါင်းရုံး၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် ၂၂၄ ပေ x ၁၂၈ ပေ (၃) ထပ် အဆောက်အအုံပြင်ဆင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှု၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခြေခံစားကုန်များပေးအပ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ထေးငှားလျားကန်ပတ်ဝန်းကျင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကယားပြည်နယ်လွှတ်တော်ရုံးပြင်ဆင်ထားရှိမှု၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ ပင်စင်လစာထုတ်ယူနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သင်တန်း၊ လက်ရက်ကန်းသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

ကျေးလက်နေပြည်သူများ ချည်မျှင်၊ အထည်အလိပ်နှင့် ရက်ကန်းဆိုင်ရာ ပညာများသိရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကယားပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)၌ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ကကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

၂၀၂၆ ခုနှစ် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားအကြိုရင်တွင်းစကားသံများ

ငြိမ်းချမ်းရေးကအရေးကြီးပါတယ်။ ပြည်နယ်ငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသားအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဦးတင်လှ (ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝိုင်းလုံးတွင် ကျင်ပပြုလုပ်ရာ ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)အနေဖြင့် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် မဲဆန္ဒရှင်ပြည်သူ အားလုံးက သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြသည်။
Subscribe to ကယားပြည်နယ်