Sep 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစီး (Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် နှာခေါင်းစီး (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁နာရီ က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျိုင်းတောင်းမြို့ ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများ၊ ကားဂိတ်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။