နယ်ရုံးများ၏သတင်းများ

Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံကာတွန်းဆရာများ၊ ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ‌ရောင်းပွဲတော်အား ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Feb 24,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်(၉)နာရီက ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အခြေခံပညာမူလတန်း(စတုတ္ထတန်း)နှင့် အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာကျောင်းများ၌ ဖြေဆိုခဲ့ကြောင်း သိရသည်။
Feb 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဧကဒသမအကြိမ် ဘွဲနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Feb 24,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေး ဆရာ ပါရဂူ၏ "ရေစီးကြောင်း" စာအုပ်ဖြင့် စာပေမြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 24,2020
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မုဒုံမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ဆရာဝန် များအသင်းတို့မှ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီက မုဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ပြုလုပ်သည်။
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Youth Club လူငယ်အသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မူကြိုအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲကို Community Centre ခန်းမတွင် ကျင်းပသည်။