နယ်ရုံးများ၏သတင်းများ

Nov 10,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ-ထ-က(၈)မြိတ်တွင် ယနေ့ မွန်းလွဲ(၁)နာရီ က ကျင်းပခဲ့သည်။
Nov 10,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ Book Club အသင်းနှင့်အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် အတွက်ဆရာ/ဆရာမများ ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်သည်။
Nov 10,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထရှိလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) က အမှတ် (၁) ရပ်ကွက်မြို့မဈေးတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Nov 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ဖြစ်ပေါ်စေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ် (၁၀၀၇) နယ်ခြား (မူလွန်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 10,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
Nov 10,2023
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/အမှန် ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က “သတင်းအမှား ၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး” ဟောပြောပွဲကျင်းပခဲ့သည်။
Nov 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ကံသာလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။