နယ်ရုံးများ၏သတင်းများ

Oct 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ဒေသခံ ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးသာသာနာရေးဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများတွင် သုတ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။
Oct 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ရုံးခန်း၌  ရောင်စုံစက္ကူမီးပုံးပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့​နံနက် ၁၁ နာရီအချိန်က လှိုင်မြို့နယ်၊ ​​​ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပ​ခဲ့သည်။
Oct 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်” စာအုပ်မှ “အချိန်အခါကိုသိပါ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကိုလူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။ စာဖတ်ဝိုင်းပြုလုပ်ရာတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်မြို့နယ်စာရေးဆရာများ အသင်းနာယက (ဦးမင်းဆက်ပိုင်) က စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ရသစာစုများတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
Oct 24,2023
စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များအသိအမြင် ဗဟုသုတများကြွယ်ဝလာပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များတွေ့ဆုံ၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Oct 24,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက Book Clup အဖွဲ့ဝင်များဖြင့်စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Oct 24,2023
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပကြောင်း သိရသည်။
Oct 24,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်း နှင့်အခြားအတွေးအမြင်များစာအုပ်” စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre )ခန်းမ၌ကျင်းပကြောင်း သိရသည်။