နယ်ရုံးများ၏သတင်းများ

Oct 13,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာ၍ ဗဟုသုတရရှိလာစေနိုင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာစေနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာစကားဝိုင်း ကျင်းပခဲ့သည်။
Oct 13,2023
အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍  လူတိုင်းအတွက် ဥပဒေအကာအကွယ်များ သိရှိစေရေးတို့အတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ကျင်းပပြုလုပ်သည်။
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ  လူငယ်များ အသိပညာ ဗဟုသုတရရှိစေရေး၊   လူတော်လူကောင်းများ   ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉နာရီ က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟော ပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့်  အသိပညာဗဟုသုတိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းတွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။