နယ်ရုံးများ၏သတင်းများ

Oct 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
Oct 08,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 08,2023
ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
Oct 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူလေးများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာ/ ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Oct 08,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးအဖွဲ့(Women Club)နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အေးရွာသစ်ကျေးရွာ အ‌ခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပခဲ့သည်။
Oct 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စခန်းသာ‌ကျေးရွာ အလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။