နယ်ရုံးများ၏သတင်းများ

Aug 21,2023
မောင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်နှင့် ဗဟုသုတအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 21,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီက အမျိူးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှကြီူမှူး၍ အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်  စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ကြသည်။
Aug 21,2023
ပျော်ဘွယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဩဂုတ်လ(၂၁)ရက်၊ နံနက်(၁၀)နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Aug 21,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ် စာစောင်ကို ပြသဆောင်ရွက်ကြောင်းသိရသည်။
Aug 21,2023
မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။
Aug 20,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများကကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က စခမ်းမော်အုပ်စု စခမ်းမော်ကျေးရွာ ပညာအလင်းစာကြည့်တိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီများ၊ စာပေမြတ်နိုးသူများနှင့်တွေ့ဆုံကာ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းများအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။