နယ်ရုံးများ၏သတင်းများ

Aug 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 15,2023
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းကို သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အ.ထ.က (၂) ကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Aug 15,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီက Community Centre ခန်းမတွင် စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
Aug 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်က အ.ထ.က (၃) ကျောင်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
Aug 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၁၁)နာရီက အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Aug 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နည်းပညာတက္ကသိုလ် (မြိတ်) တွင် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့သည်။
Aug 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Aug 15,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲခြင်းနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။