နယ်ရုံးများ၏သတင်းများ

Jul 20,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်း ကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေ​ရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။
Jul 20,2023
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
Jul 20,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဇူလိုင်(၁၉)တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြု‌သောအားဖြင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများအား ယမန်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်) မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 20,2023
မိုင်းလုံမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဇူလိုင်(၁၈)ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဆောင်ရွက်သည်။
Jul 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခိုင်အောင် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ် စွမ်းအားများပြည့်ဝစေပြီးစာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။