နယ်ရုံးများ၏သတင်းများ

Jul 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Jul 08,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jul 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမနှင့် ခလေးစာဖတ်ခန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ကဗျာပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Jul 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jul 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Jul 08,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 07,2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)  လုပ်ငန်းများအား တိုးတက်စေရေး အားပေး၍ ပြည်တွင်းလိုအပ်ချက်များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် အားပေးမြှင့်တင်လျက်ရှိသကဲ့သို့  မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း (MSME)များအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ တိုးမြှင့်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။