နယ်ရုံးများ၏သတင်းများ

Jun 26,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှု ကို ရပ်ကွက်‌/ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ဖြန့်ဝေနိုင်ရေး မြို့နယ်ပညာရေးမှူးရုံးနှင့် ​မြို့​ပေါ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲကို ဇွန်လ(၂၃)ရက်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 26,2023
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ အောင်မြတ်ဦးရေးသားပြီး မိတ်ဆွေစာပေမှ ထုတ်ဝေသည့် လောကအမြင်နှင့် အောင်မြင်ရေးခရီးစဉ်စာအုပ်ဖြင့်  ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ 
Jun 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊‌ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 25,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ(အထူးဒေသ)ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြသည်။