နယ်ရုံးများ၏သတင်းများ

May 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ထက်မြက်စေရန်၊ မြန်မာ့ရိုးရာဓလေ့များသိရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းသုတပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၃) နာရီက တလင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
May 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သည့် ပြည်သူ့ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအား စာအုပ်/စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာနှင့် ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့သည်။
May 08,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ​မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအားတွေ့ဆုံ၍ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပိန်းနဲကုန်းကျေးရွာအုပ်စု သိမ်ဖြူကုန်းကျေးရွာရှိ ပညာဗိမာန် စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီ အားလပ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို မေလ(၈)ရက်၊ နံနက် (၉)နာရီ အချိန်က သင်တန်းဖွင့်ပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။