အသက်ရှည်ကျန်းမာဖို့ ဆီစားသုံးမှုလျှော့ချစို့

Type

 

ကိုကျော်စွာ(ကျိုက်ပိ)
 

ဆီသည်  လူတို့နေ့စဉ်စားသုံးသော  အစားအစာများတွင် မပါမဖြစ်ပါဝင်မြဲဖြစ်သည်။  ဟင်းလျာများတွင်လည်း  ဆီပါသည်။   အကြော်အလှော်နှင့်   အသုပ်မျိုးစုံတွင်  လည်း ဆီပါသည်။ နောက်ဆုံးနံနက်စာအဖြစ် ပဲပြုတ်ကို ဆီဆမ်း၍ စားကြသည်အထိပင်ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် ဆီကိုလက်ကြားယိုအောင် စားသုံးကြ သူများဖြစ်ကြသည်။

ဆီအမျိုးအစား ခွဲခြားခြင်း
ဆီကို အင်္ဂလိပ်အမည်အားဖြင့် Oil (အွိုင်းလ်)  ဟုခေါ်သည်။  ဆီကိုအမျိုး အစားအားဖြင့်   နှစ်မျိုး   ခွဲခြားထားပါ သည်။ ပထမတစ်မျိုးမှာ လူတို့စားသုံး၍  ရသော  ဆီဖြစ်ပြီး   ဒုတိယတစ်မျိုးမှာ လူတို့စားသုံး၍     မရသောဆီဟူ၍ဖြစ် သည်။   ထို့အပြင်   ဆီကို    ပြည့်ဝဆီများ (Saturated    Fats)၊   မပြည့်ဝဆီများ (Unsaturated Fats) နှင့် အသွင်ပြောင်း ဆီများ (Trans Fats)  ဟူ၍လည်း ခွဲခြား ထားသည်။
လူတို့စားသုံးမရသောဆီ
ဆီကိုအပင်၊  ဟင်းသီးဟင်းရွက်နှင့်  တိရစ္ဆာန်တို့မှ   ရရှိသော်လည်း   လူတို့ စားသုံး၍   မရသောဆီများလည်း   ရှိပါ သည်။   အပင်နှင့်   ဟင်းသီးဟင်းရွက်မှ ရသောဆီတွင်လည်း ကြက်ဆူပင်ကဲ့သို့ သော အပင်မှရသော ဆီသည် စားသုံး၍ မရဘဲ   ဒီဇယ်၊   ဓာတ်ဆီနှင့်   ရေနံဆီ တို့ကဲ့သို့      လောင်စာဆီအဖြစ်သာ အသုံးပြု၍ရသည်။     လူတို့စားသုံး၍ မရသော်လည်း   တချို့ဆီများကို  အခြား သော နေရာများတွင် အသုံးပြုနိုင်သည်။ ယင်းတို့မှာ   ကြက်ဆူဆီ၊    ဘိန်းစေ့ဆီ၊ ကညင်ဆီတို့ဖြစ်သည်။       ကြက်ဆူဆီ (Physic nut oil) ကို ဇီဝလောင်စာဆီ အဖြစ်အသုံးပြုပြီး ဘိန်းစေ့ဆီကို(Poppy  seed oil) ဆေးဝါး၊ အရောင်တင်ဆီနှင့်  ဆပ်ပြာချက်လုပ်ရာတွင် အသုံးပြုသည် ဟုသိရသည်။   ကညင်ဆီ   (Wood  oil tree) သည် မီးထွန်းခြင်းနှင့် သစ်သား အရောင်တင်ဆီအဖြစ် အသုံးပြုကြသည်။
လူတို့စားသုံးနိုင်သောဆီ
လူတို့စားသုံး၍ရသော      ဆီများ အနေဖြင့် ယနေ့လူတို့စားသုံးလျက်ရှိသော  မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ အပါအဝင်  အခြားစားသုံး၍ရသော       ဆီအချို့ကို ဆိုလိုသည်။  ထို့အပြင်   လူတို့စားသုံး နိုင်သော  သစ်သီးများမှရသော   ဆီများ လည်းရှိသည်။     ဥပမာ-သံလွင်ဆီ (Olive oil)၊ စားအုန်းဆီ (Palm oil) တို့ ဖြစ်သည်။   ထို့အပြင်   လူတို့စားသုံး နိုင်သော အစေ့မှရသော ဆီများလည်း  ရှိသည်။ ဥပမာ - နှမ်းဆီ (Sesame oil)၊ မြေပဲဆီ (Peanut oil)၊ နေကြာဆီ (Sun-flower oil)   နှင့်   ပဲပိစပ်ဆီ  (Soybean  oil)၊ ပြောင်းဆီ  (Corn oil) စသည်တို့ ဖြစ်သည်။
ကိုယ်ခန္ဓာနှင့်အဆီဓာတ်
ဆီသည် လူတစ်ဦးအတွက် မရှိမဖြစ် လိုအပ်သည်။     လူ့ခန္ဓာကိုယ်သည် စက်တစ်လုံးသဖွယ်      လည်ပတ်လျက် ရှိလေရာ    ထိုသို့ခန္ဓာကိုယ်၏  လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်လည်ပတ် နိုင်စေရန် အဆီဓာတ်သည် လိုအပ်သည်။ သို့သော်လူတစ်ဦးတွင် အဆီဓာတ်သည်  လိုအပ်သည်ထက်    များပြားလာပါက လည်း ကျန်းမာရေးကို  ထိခိုက်စေသည်။     လူတစ်ဦးတွင် အဆီဓာတ် လျော့နည်း သွားပါက ကိုလက်စထရောပါ လျော့နည်း သွားသည်။  ထိုအခါ ကိုလက်စထရော၏ လုပ်ငန်းဆောင်တာများ     ချို့ယွင်းလာ ကာ   ကိုယ်အလေးချိန်   ကျဆင်းလာခြင်း၊ မှတ်ဉာဏ်အားနည်းလာခြင်းနှင့်  အရိုး အဆစ်များ     နာကျင်လာတတ်သည်။     ကိုလက်စထရောဟူသည်     ခန္ဓာကိုယ် အတွင်း လိုအပ်သော အဆီဓာတ်တစ်မျိုး ဖြစ်သည်။
ထို့အပြင်  အဆီဓာတ်    များပြား၍ ကိုလက်စထရော ၂၀၀ မီလီဂရမ်ထက် ကျော်လွန်ပါကလည်း  နှလုံးသွေးကြော ကျဉ်းရောဂါ       ဖြစ်တတ်သည့်အပြင်  ရင်ဘတ်လည်း     အောင့်တတ်သည်။ ထို့ပြင်    ဦးနှောက်သွေးကြောပိတ်ကာ  လေဖြတ်နိုင်သည်။       အမျိုးသားများ အနေဖြင့်    ခန္ဓာကိုယ်အတွင်း      အဆီ ပမာဏမှာ    ပုံမှန်အားဖြင့်   ၁၈  နှစ်မှ ၃၉ နှစ်အတွင်း ၂၀ ရာခိုင်နှုန်း၊ ၄၀ နှစ်မှ  ၅၉  နှစ်အတွင်း   ၂၂  ရာခိုင်နှုန်း၊  အသက် ၆၀ အထက်အနေဖြင့်  ၂၅ ရာခိုင်နှုန်း အထိသာ    ရှိသင့်ကြောင်း    သိရသည်။ ကိုလက်စထရောသည် ဆီအတွင်း၌သာ    ပါဝင်သည်မဟုတ်ဘဲ  နို့မျိုးစုံနှင့် နို့ထွက် ပစ္စည်းများ၊ ဥမျိုးစုံစသည့် အစားအစာ များမှလည်း ရရှိနိုင်သည်။
ပြည့်ဝဆီများ
ပြည့်ဝဆီဆိုသည်မှာ     ကာဗွန် အက်တမ်အားလုံးတွင်    ဟိုက်ဒရိုဂျင် အက်တမ်များဖြင့်    ပြည့်ဝစွာ   တွဲဆက် ထားသော ဖက်တီးအက်စစ်မော်လီကျူး များပင်ဖြစ်သည်။    ပြည့်ဝဆီများသည် လူတို့၏ ခန္ဓာကိုယ်ကို အကျိုးပြုသည့်  ကောင်းသော    ကိုလက်စထရောများ ကို မြင့်တက်စေသလို လူ့ခန္ဓာကိုယ်အား အကျိုးမပြုသည့် မကောင်းသော ကိုလက် စထရောများကိုလည်း        မြင့်တက် စေသည်။
ပြည့်ဝဆီအများစုပါဝင်သော စားသုံး ဆီများမှာ ဝက်ဆီ၊ အမဲဆီနှင့် စားအုန်း ဆီတို့ဖြစ်သည်။ အထက်တွင် ဖော်ပြ ခဲ့သော  ကိုလက်စထရော   မြင့်တက် လာပါက နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊          နှလုံးရောဂါနှင့် လေဖြတ်ခြင်းကိုပါ    ဖြစ်စေနိုင်သည်။ ထို့ကြောင့်  မိမိစားသုံးမည့်   ဆီများကို ပြည့်ဝဆီ    ပါဝင်နှုန်း    နည်းနိုင်သမျှ နည်းအောင်ဂရုပြု၍  စားသုံးရန် လိုအပ် သည်။ ပြည့်ဝဆီပါဝင်သော အစားအစာ များမှာ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ထောပတ် နှင့် အဆီများသော အသားတို့ဖြစ်သည်။ ပြည့်ဝဆီကို စားသုံးမည်ဆိုပါကလည်း  စွမ်းအင်အာဟာရစားသုံးမှု စုစုပေါင်း၏ ၁၀    ရာခိုင်နှုန်းအောက်      လျှော့ပြီး စားသုံးရမည်ဟု သိရသည်။
မပြည့်ဝဆီများ
မပြည့်ဝဆီသည်       ကျန်းမာရေး အထောက်အကူဖြစ်စေသော  ဆီဟု သိရ သည်။   ထို့ကြောင့်    ဆီစားသုံးရာတွင် ကျန်းမာရေးကို    အထောက်အကူဖြစ်စေ သော      မပြည့်ဝဆီများကို     ရွေးချယ် စားသုံးသင့်သည်။   သံလွင်ဆီ၊  မြေပဲဆီ၊ ထောပတ်သီးဆီတို့တွင် မပြည့်ဝဆီများ ပိုမိုပါဝင်နေကြောင်း သိရသည်။ အထက် ဖော်ပြပါ မပြည့်ဝဆီများသည်  လူ့ခန္ဓာ ကိုယ်အတွင်းရှိ   ကောင်းသော ကိုလက် စထရောကို   မြှင့်တင်ပေးပြီး မကောင်း သော          ကိုလက်စထရောများကို လျော့နည်းစေသည်။    ယင်းဆီများကို မိုနိုမပြည့်ဝဆီ       (Monounsaturated fat) ဟုခေါ်သည်။
ထို့ပြင် နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ် ဆီနှင့် သစ်ကြားဆီ စသည့်မပြည့်ဝဆီ များသည် ခန္ဓာကိုယ်အတွင်းရှိ ကောင်း သော ကိုလက်စထရောနှင့် မကောင်း သော ကိုလက်စထရော နှစ်မျိုးစလုံးကို လျော့နည်းစေသည်ဟု       သိရသည်။ အထက်ဖော်ပြပါ    ဆီများကို     ပေါ်လီ မပြည့်ဝဆီ (Polyunsaturated fat) ဟု ခေါ်သည်။ မပြည့်ဝဆီကို စားသုံးရာတွင်  စွမ်းအင်အာဟာရစားသုံးမှု စုစုပေါင်း၏  ၃၀    ရာခိုင်နှုန်းအောက်   လျော့နည်း၍ စားရမည်ဟု သိရသည်။
အသွင်ပြောင်းဆီနှင့် 
ပြန်လည်သန့်စင်ထားသောဆီ
အထက်ဖော်ပြပါ မပြည့်ဝဆီများကို  တာရှည်          အပူပေးထားလိုက်ပါက ပြောင်းလဲဆီအဖြစ်သို့    ရောက်ရှိသွား သည်။ မပြည့်ဝဆီများဖြစ်သော သံလွင် ဆီ၊    မြေပဲဆီနှင့်   နေကြာဆီတို့သည် ကောင်းမွန်သောဆီများ ဖြစ်သော်လည်း  တာရှည်စွာ      အပူပေးလိုက်သောအခါ  နောက်ပိုင်းတွင် မပြည့်ဝဆီမှ ပြောင်းလဲ ဆီအဖြစ်သို့ ရောက်ရှိသွားသည်။ အဆိုပါ အသွင်ပြောင်းဆီများကို ရေရှည်စားသုံး ပါက နှလုံးသွေးကြောဆိုင်ရာရောဂါများ အပြင်  ကင်ဆာရောဂါအထိပင်  ဖြစ်နိုင် ပါသည်။ ပြောင်းလဲဆီများမှာ များသော အားဖြင့် အကြော်ဆီများပင် ဖြစ်သည်။ အသွင်ပြောင်းဆီကိုမူ စွမ်းအင်အာဟာရ စားသုံးမှု  စုစုပေါင်း၏   ၁   ရာခိုင်နှုန်း အောက်လျှော့စားမည်ဖြစ်ပြီး တတ်နိုင်  လျှင် လုံးဝမစားသုံးသင့်ပါ။
ပြန်လည်     သန့်စင်ထားသောဆီ ဆိုသည်မှာ    တချို့သော   အသုံးပြုထား သည့်ဆီများကို   ပုံးများတွင်    ထည့်၍ စနစ်တကျ စွန့်ပစ်ထားသော ဆီများပင် ဖြစ်သည်။ ထိုဆီများကို စက်ရုံများက ပြန်လည်သန့်စင်၍ စားသုံရန်မဟုတ်ဘဲ အခြားသောနေရာများတွင်  ပြန်လည် အသုံးပြုရန်    ထုတ်လုပ်ထားသောဆီ ဖြစ်သည်။   သို့သော်  ယနေ့ခေတ်တွင်  လောဘသားများက ထိုဆီများကို မြေပဲ ဆီနံ့၊ နေကြာဆီနံ့၊ နှမ်းဆီနံ့ စသည်ဖြင့် အနံ့ထည့်ကာ       စားသုံးဆီအဖြစ်         စျေးကွက်အတွင်း        ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်ဟု      သိရသည်။ ထိုဆီများကို စားသုံးမိပါက ကျန်းမာရေး ကို   ဆိုးရွားစွာ  ထိခိုက်စေနိုင်သည်။ သတိပြု ရှောင်ကြဉ်ရန်လိုသည်။
ဆီကြောင့်ဖြစ်သော ရောဂါများ
ဆီကိုပြည့်ဝဆီဖြစ်စေ၊ မပြည့်ဝဆီ ပင်ဖြစ်စေ     စားသုံးမှု   များပြားပါက ရောဂါဖြစ်စေသည်ကတော့   အမှန်ပင် ဖြစ်သည်။    စာရေးသူ၏   မိခင်ကြီး သည်     နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားခဲ့ရဖူးသည်။  စာရေးသူ၏   မိခင် သည် ယခင်ဆီကို အများအပြား စားသုံး တတ်သည်။   ဟင်းချက်လျှင်   ဆီမြုပ် အောင်ချက်လေ့     ရှိသည်။       နှလုံး သွေးကြောကျဉ်းရောဂါ   ဖြစ်ပြီးနောက် ဆီစားသုံးမှုကို      လျှော့လိုက်သည်။  ဤကား     ကောင်းသောလက္ခဏာပင်ဖြစ် သည်။  မြန်မာလူမျိုးအများစုသည်   ဆီ အလွန်စားလေ့ရှိကြသည်။ ဟင်းချက် လျှင်လည်း ဆီပြန်ဟင်း၊ လက်ဖက်သုပ် လျှင်လည်း ဆီရွှဲရွှဲ၊ နောက်ဆုံး ငါးခြောက် ဖုတ်တောင်    ဆီမြုပ်အောင်   ထည့်၍ စားတတ်ကြသူများဖြစ်သည်။
ဆီကို  အများအပြား   စားသုံးခြင်း ဖြင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့်    သွေးတိုးရောဂါအပြင် နောက်ဆုံး      ကင်ဆာရောဂါအထိပင်  ဖြစ်နိုင်သည်။ ထို့အပြင်လည်း ပြောင်းလဲ ဆီဖြစ်သည့်   ကြော်ပြီးသားဆီများကို လည်း   စားသုံးခြင်းမပြုသင့်ပေ။   ဆီကို အများအပြား   စားသုံးပါက    အထက် ဖော်ပြပါ     ရောဂါများ    ဖြစ်နိုင်သည်။ အခန့်မသင့်ပါက အသက်ပင်ဆုံးရှုံးစေနိုင် သည်။ ထို့ကြောင့် အသက်ရှည်ကျန်းမာ  စေဖို့ဆိုလျှင်  ဆီကိုလျှော့၍  စားသုံးကြ ပါလို့ တိုက်တွန်းလိုက်ပါသည်။      ။