အသည်းရောင်ရောဂါကို အချိန်မဆိုင်းထိန်းချုပ်ရေး ဝိုင်းဝန်းရှာဖွေကုသပေး

Type

တင်ထက်ထက်ဇော် 
============

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ    နှစ်တစ်နှစ်၏ ဇူလိုင်လ ၂၈ ရက်နေ့ကို  ကမ္ဘာ့အသည်းရောင်ရောဂါ နေ့  (World Hepatitis Day)  အဖြစ် သတ်မှတ် ထားရာ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ အများပြည်သူများအတွက် အသိပညာနှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေ ရန်ရည်ရွယ်၍     ပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြပါသည်။ မည်သည့်ရောဂါအတွက်မဆို ရောဂါဖြစ်ပေါ်ခံစား လာမှ  ကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ် ထားခြင်းက ပို၍သာလွန်ကောင်းမြတ်လှပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က     ယခုလိုနှစ်တစ်နှစ်၏    ပြက္ခဒိန်လများတွင် ၉၆   ပါးသော   ရောဂါဝေဒနာအမျိုးမျိုးအတွက် ကျန်းမာရေးသတိပေးနေ့များကို   သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက်ရှိပါသည်။ 

 


ယခု ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အသည်းရောင် ရောဂါနေ့ဆောင်ပုဒ်အနှစ်ချုပ်မှာ    “Hepatitis can’t wait” ဖြစ်သည်။ ဆောင်ပုဒ်၏ ဆိုလိုရင်းမှာ အသည်းရောင်ရောဂါကြောင့် လူဦးရေဖိတ်စဉ်မှုကို သက္ကရာဇ် ၂၀၃၀  ပြည့်နှစ်တွင် အပြီးသတ်လျှော့ချ နိုင်ရေးစီမံချက် ယခင်ကထားရှိခဲ့သော်လည်း  ယခု အခါ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဖြစ်နေသည့်အချိန် မှာပင် ကမ္ဘာတစ်ဝန်း စက္ကန့် ၃၀ လျှင်  လူတစ်ဦးနှုန်း မှာ အသည်းရောင်ရောဂါကြောင့် သေဆုံးနေသည် ကို တွေ့ရှိရသဖြင့်   ယခင်စီမံချက်ဖြစ်သည့်   ၂၀၃၀ ပြည့်နှစ်အထိ  စောင့်မနေသင့်တော့ဘဲ  “အသည်း ရောင်ဝေဒနာသည်ကို    များများရှာ၊   မြန်မြန်တွေ့၊ စောစောကုသ၊ အချိန်မဆိုင်း၊ ကောင်းစွာထိန်းချုပ် ပါ” ဟု ဆိုလိုခြင်းဖြစ်ပါသည်။ 

 


အသည်းရောင်ရောဂါမှာ ထွေထွေထူးထူး ရောဂါလက္ခဏာမပြဘဲ လူကောင်းပကတိအတိုင်း ရှိနေ၍ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူကူးစက် နိုင်သည်။ ထို့ကြောင့် မိမိတွင်၎င်းရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံယူကာ ကြိုတင်ကာကွယ်ထားသင့်ပါသည်။ 

 


အသည်းရောင် အသားဝါပိုး 

 


အသည်းရောင်   အသားဝါရောဂါဆိုသော အမည်ကို လူတိုင်းနီးပါးကြားဖူးနေမည်ဖြစ်သော် လည်း ထိုရောဂါအကြောင်း အသေးစိတ်ကို သိသူ နည်းသည်။  အသည်းရောင်အသားဝါပိုးဟုဆိုသော် လည်း   အသားမဝါဘဲ  အသည်းရောင်သောသူများ လည်း  ရှိကြသည်။ ထို့ကြောင့် ဆေးပညာလောက တွင်   “အသည်းရောင်ဗိုင်းရပ်စ်ပိုး”   ဟု  ခပ်တိုတိုခေါ်ဆိုလေ့ ရှိသည်။   တချို့သောအသည်း ရောင်ရောဂါ   B  နှင့်  C  ဝေဒနာရှင်များမှာ   ခြောက်လကျော်      သို့မဟုတ်  တစ်သက်တာလုံး   အသည်းရောင်ရောဂါကို  ခံစားနေရပြီးနောက် ထိုသူများတွင်  နာတာရှည်  အသည်းရောင် ရောဂါမှစ၍ အသည်းခြောက်ရောဂါ၊  အသည်း ကြွပ်ရောဂါ၊     အသည်းကင်ဆာရောဂါများအထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာစေသည်။ 

 


ကိုယ်ခံအားကျဆင်းနေချိန်တွင်  ဗိုင်းရပ်စ်ပိုး များ အသွင်ပြောင်းပြီး   ဝင်လာတတ်ကြသဖြင့်    ကိုယ်ခံစွမ်းအားများက ထိုပိုး၏     ၆၀     ရာခိုင်နှုန်း ခန့်ကိုသာ    တိုက်ထုတ်နိုင်သည်။  လေ့လာ တွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူများ၏ ပျမ်းမျှ  ၂၀   ရာခိုင်နှုန်းတွင်   အသည်းရောင်အသားဝါ ဖြစ်ကြပြီး ၁၀ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာ မပြကြပေ။      သို့သော်    ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေကြပြီးဖြစ်လေသည်။ ၎င်းအနက် လေးရာခိုင်နှုန်းမျှသောသူများတွင်   ကိုယ်ခံစွမ်းအား အနည်း၊ အများပေါ်မူတည်၍ နောင်တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသည်ဖြင့်အချိန်ကြာလာသည့်အခါ အသည်း ရောင်အသားဝါ  ဖြစ်လာတတ်ကြသည်။ တရုတ်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်  အမျိုးသမီးဆေးရုံကြီးမှ ဆရာဝန်များသည်  ထိုကူးစက်ပိုးဝင်နေသူ    လူနာ သုံးသိန်းကို    လေ့လာကြည့်ရာ    ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသောဘီပိုးသည် နေ့စဉ်အကောင်ရေ  ဘီလီယံ   ၁၀၀   ပွားပြီး   စီပိုးက   နေ့စဉ်အကောင်ရေ ဘီယီယံ ၁၅၀  ပွားများကြကြောင်း ကြောက်ခမန်း လိလိ လေ့လာတွေ့ရှိခဲ့သည်။ 

 


ဘီပိုးနှင့်စီပိုး ကွာခြားချက် 

 


အသည်းရောင်ရောဂါ  ဘီပိုးသည် စတင်ကူးစက် သော အသက်အရွယ်ကိုလိုက်၍ နာတာရှည်ရောဂါ ဖြစ်ပွားမှုနှုန်း ကွာခြားသွားသည်။ အကယ်၍ လူကြီး အရွယ်တွင်   ဘီပိုးစဖြစ်လျှင်    ၁၀ ရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍ ကျန် ၉၀ ရာခိုင်နှုန်းတွင် သူ့အလိုလို ပျောက်ကင်းသွားနိုင်သည်။ ကလေးဘဝတွင် စတင် ဖြစ်ပွားပါက     ပိုးဝင်သူ၏    ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ နာတာရှည်ဖြစ်၍     ကျန်သုံးပုံနှစ်ပုံမှာ    အလိုလို ပျောက်ကင်းနိုင်သည်။ မွေးကင်းစအရွယ်တွင် ရောဂါ ကူးစက်ခံရပါက   ၉၀     ရာခိုင်နှုန်းတွင်    နာတာရှည် ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ သူ့အလိုလိုပျောက်ကင်း နိုင်သည်။   အကြောင်းရင်းမှာ ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား    ကောင်းမွန်စွာ   မဖွံ့ဖြိုးသေးသော ကြောင့်ဖြစ်ပါသည်။ ဘီရောဂါပိုးရှိသော မိခင်နို့ရည်မှ တစ်ဆင့်   ရင်သွေးငယ်သို့   ကူးစက်နိုင်သောကြောင့် ကလေးငယ်အား    မွေးကင်းစမှ    အသက်တစ်နှစ် အတွင်း ကာကွယ်ဆေးထိုးပေးရပါမည်။ 

 


စီပိုးသည်   ဘီပိုးထက်   နာတာရှည်ဖြစ်မှုနှုန်း ပိုများသည်။   အသည်းရောင်ရောဂါ    စီပိုးရှိသူ၏ နာတာရှည်ဖြစ်မှုနှုန်းမှာ        အသက်အရွယ်လိုက်၍ ကွာခြားမှု  မရှိတတ်ပေ။  အသည်းရောင်စီပိုးရောဂါ ဖြစ်ပွားပြီးနောက်   ၁၅   မှ   ၂၀    ရာခိုင်နှုန်းမျှသာ ပျောက်ကင်းနိုင်ပြီး ကျန် ၈၀ မှ ၈၅ ရာခိုင်နှုန်းသော သူများတွင်         နာတာရှည်အသည်းရောင်ရောဂါ ဖြစ်ပွားလေ့ရှိပါသည်။ ယနေ့အချိန်အထိ  စီပိုးတွင် ဘီပိုးကဲ့သို့  ကာကွယ်ဆေး ထိထိရောက်ရောက် မရှိသေးပေ။ သို့သော် ကံကောင်းသည့်အချက်မှာ စီရောဂါပိုးသည် ဘီရောဂါပိုးလောက် ကူးစက်နှုန်း မများကြသေးပေ။ 

 


ဘီပိုးနှင့်စီပိုး ကူးစက်ပုံနည်းလမ်းများ 

 


အထက်တွင်    ရေးသားဖော်ပြထားသည့် အတိုင်း   ယနေ့ကမ္ဘာတစ်ဝန်း    အသည်းရောင် အသားဝါ  ဘီနှင့် စီ ရောဂါပိုးကူးစက်ခံရသူဦးရေမှာ တဖြည်းဖြည်း တိုးပွားလာနေသဖြင့် ထိုရောဂါများ နှင့်ပတ်သက်၍ ကူးစက်နိုင်ပုံကို ဗဟုသုတအဖြစ် အမြင်ကျယ်ကျယ်  သိထားသင့်ပါပြီ။   အရပ်သုံး စကားများဖြစ်ကြသော အေဘီစီဟု အလွယ်တကူ ခေါ်ဝေါ်နေကြသည့် အေအိုင်ဒီအက်စ်၊ အသည်း ရောင်အသားဝါ    ဘီနှင့်    စီ ရောဂါပိုးများသည်   ယေဘုယျအားဖြင့် ကူးစက်ပုံချင်း  လွန်စွာဆင်တူ ကြသည်။ အသည်းရောင်အသားဝါ ဘီနှင့် စီ ရောဂါ ပိုး ကူးစက်ပုံနည်းလမ်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်ပါ။ 


o    မိသားစုအချင်းချင်း  တစ်အိမ်တည်းအတူ တူနေလျှင်   ဘီပိုးက  ကူးစက်နိုင်ခြေများ ပြီး စီပိုးက မကူးစက်နိုင်ပေ။

 


 o    ရောဂါပိုးရှိသူ၏ သွေးနှင့်ထိလျှင် ဘီပိုး ရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါ သည်။ 
o    ရောဂါပိုးရှိသူ သုံးစွဲထားသော ချွန်ထက် သည့်ပစ္စည်း သို့မဟုတ် အပ်မှ ဘီပိုးရော စီပိုးပါ     သေချာပေါက်ကူးစက်နိုင်ပါသည်။
o     မူးယစ်ဆေးဝါး    အကြောဆေးထိုးပြီး နောက်  ၎င်းဆေးထိုးအပ်ကို   ရောထွေး သုံးမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ 
o    ပိုးရှိသူ၏  သွေးသွင်းမိလျှင်  ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ 

 


o    ပိုးရှိသူ၏ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား တို့ကို မျှဝေသုံးစွဲမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။


o    ပိုးမသန့်စင်သည့် ခွဲစိတ်မှုများမှတစ်ဆင့် ဘီပိုးရော  စီပိုးပါ သေချာပေါက်ကူးစက် နိုင်ပါသည်။


o    ကျောက်ကပ်ဆေးသောစက်မှာ   ပိုးပါ သွားလျှင် ဘီပိုးရော စီပိုးပါ သေချာ ပေါက်  ကူးစက်နိုင်ပါသည်။ 

 


o    နှုတ်ခမ်းချင်းထိမိလျှင်    (တံတွေးက  တစ်ဆင့်)  ဘီပိုးရော   စီပိုးပါ  ကူးစက်ရန် ခဲယဉ်းသည်။ 


o    ပိုးရှိသူနှင့်  လိင်ဆက်ဆံလျှင်   ဘီပိုးက သေချာပေါက်  ကူးစက်နိုင်ပြီး  စီပိုးက ကူးစက်ရန်ခဲယဉ်းသည်။ 


o    သာမန် လက်ဆွဲနှုတ်ဆက် နမ်းရှုပ်ခြင်း ဖြင့် ဘီပိုးရော စီပိုးပါ မကူးစက်နိုင်ပါ။ 

 


o    မိခင်မှ ကလေးသို့  ဘီပိုးက သေချာပေါက် ကူးစက်နိုင်ပြီး  စီပိုးက ကူးစက်ရန်ခဲယဉ်း သည်။ 


o    ချွေးမှတစ်ဆင့်  ဘီပိုးက ကူးစက်နိုင်ခြေ များပြီး စီပိုးက မကူးစက်နိုင်ပေ။ 


o    ဥပမာ နားဖောက်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊  လက်သည်းညှပ်၊    သွားနုတ်၊ ရှားခြစ်၊ ရှားဆွဲခြင်း စသည်ဖြင့် ပိုးပါ သည့်ကိရိယာများနှင့် ခြစ်မိ၊ ဖောက်မိ၊ သုံးစွဲမိလျှင်  ဘီပိုးရော  စီပိုးပါ   သေချာ ပေါက် ကူးစက်နိုင်ပါသည်။


o     ရောဂါပိုးရှိသူ၏    အင်္ဂါအစိတ်အပိုင်းနှင့် တစ်သျှူးများ         အစားထိုးကုသမိလျှင် ဘီပိုးရော  စီပိုးပါ  သေချာပေါက်ကူးစက် နိုင်ပါသည်။     ။