ဒယ်တာကိုဗစ်- ၁၉ မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့  တားဆီးကန့်သတ်ချက်တွေ တင်းကျပ်လာတဲ့ ကမ္ဘာ့နိုင်ငံများ

Type
00

 

 

လင်းဟန်သစ်

 

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၉ဝ ကျော်မှာ ကူးစက်မှုတိုးလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဒယ်တာ ကိုဗစ်- ၁၉ မျိုးစိတ်သစ်ကူးစက်ပျံ့နှံ့မှုကို လျှော့ချဖို့ ကမ္ဘာ့နိုင်ငံအများစုဟာ သူတို့ရဲ့ တားဆီးကန့်သတ်ချက်တွေကို တင်းကျပ်ခဲ့ကြပါတယ်။

အဓိကဇာတ်လိုက်ကျော် 
ဒယ်တာကိုဗစ်- ၁၉      မျိုးစိတ်သစ်ဟာ တောင်အာဖရိကနိုင်ငံမှာ မှတ်တမ်းတင်ရလောက် တဲ့ ကူးစက်ဖြစ်ပွားမှုရဲ့ လက်သည်တရားခံဖြစ်ပါ တယ်။    ဒါတင်ပဲလားဆိုတော့  မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံရဲ့  ကိုဗစ်-၁၉  တတိယ အကျော့ဖြစ်ပွားမှုရဲ့    အဓိကဇာတ်လိုက်ကျော် လည်း  ဖြစ်ပါတယ်။
အာဖရိကမှာ တောင်အာဖရိကဟာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုအဆိုးဆုံး   နိုင်ငံတစ်ခုဖြစ်ပါ တယ်။ ဇွန် ၂၇ ရက်က  သေဆုံးသူ ၁၂၂ ဦး အပါ အဝင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၅ဝဝဝ ကျော်  ရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းဟာ ၁၉၂၈၈၉၇ ဦး ရှိလာခဲ့ပါပြီ။
စုပေါင်းတွေ့ဆုံမှုတွေ ကန့်သတ် 
ဇွန် ၂၇ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာက သူ့နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာတာကို ထိန်းချုပ်ဖို့        ၁၄ ရက်ကြာ  ကိုဗစ်- ၁၉ အလုံပိတ်ကန့်သတ် ပိတ်ဆို့မှု အဆင့်-၄ ကို   ကျင့်သုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 
ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၁ ရက်အထိ မည်သည့် အိမ်တွင်း၊   အိမ်ပြင်    စုပေါင်းတွေ့ဆုံမှုမျိုးမဆို ကန့်သတ်ထားကြောင်း၊ အဆိုပါကန့်သတ်ချက် တွေထဲမှာ    ဘာသာရေး၊  နိုင်ငံရေး၊   ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ စုပေါင်းတွေ့ဆုံမှုမျိုးတွေလည်း ပါဝင်ပါတယ်။
ညမထွက်ရအမိန့်ပြဋ္ဌာန်း  
ညမထွက်ရအမိန့်ကိုလည်း ည ၉ နာရီကနေ နံနက် ၄ နာရီအထိ     ပြဋ္ဌာန်းသွားမှာဖြစ်ပါတယ်။ ထို့အတူ  အရေးမကြီးတဲ့   အဆောက်အအုံတွေ ကိုလည်း   ပိတ်သိမ်းသွားဖို့လိုတယ်လို့  ရာမာ ဖိုဆာက ဆက်လက်ပြောကြားခဲ့ပါတယ်။
စားသောက်ဆိုင်တွေကိုလည်း ဆိုင်မှစားစရာ ထုတ်ယူတဲ့စနစ်နဲ့သာ   ရောင်းချဖို့ ၊   စားသောက် ဆိုင်ပရိဝုဏ်အတွင်းမှာ    ဖောက်သည်တွေကို စားသောက်ခွင့်မပြုဖို့လည်း မှာကြားထားပါတယ်။ အရက်သေစာနဲ့ပတ်သက်တဲ့ အရေးပေါ်မတော် တဆမှုတွေကို လျော့ပါးသက်သာစေဖို့ အရက် ရောင်းချခြင်းတွေကိုလည်း တင်းကျပ်စွာ တားမြစ် ထားပါတယ်။
ကျောင်းတွေကိုပိတ် 
ကျောင်းတွေကိုလည်း ဇွန် ၃ဝ ရက်မှစကာ ပိတ်သွားမှာဖြစ်ပြီး   ကျောင်းအားလုံးကို  အခု သီတင်းပတ်အကုန်မှာ ပိတ်သွားဖို့ မျှော်လင့်ထား ပါတယ်။
မိမိတို့ရဲ့   အဓိကဦးစားပေးတာဝန်ကတော့ လူမှလူချင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုကို           ဖြတ်တောက်လျှော့ချဖို့ဖြစ်ကြောင်းနဲ့ ကိုဗစ်- ၁၉ ကူးစက်မှုပြမျဉ်းကွေးကို       ဖြေလျှော့သွားဖို့ လုပ်ဆောင်ဖို့ပဲဖြစ်တယ်လို့     ရာမာဖိုဆာက ပြောပါ တယ်။ 
စီးပွားရေးဆောင်ရွက်ချက်တွေကို ခွင့်ပြုပေး 
အခုလက်ရှိကျင့်သုံးနေတဲ့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာဖြစ်စဉ်တွေမှာ   စီးပွားရေး ဆောင်ရွက်ချက်တွေကို ဖြစ်နိုင်သမျှ ခွင့်ပြုပေးထား ကြောင်း၊  ထိုသို့ ခွင့်ပြုပေးထားမှသာ စီးပွားရေး ဆိုင်ရာ ထိခိုက်မှုအဆိုးဆုံးဖြစ်သွားမှာ မဟုတ်ဘူးလို့ ရာမာဖိုဆာက ဆက်လက်ပြောပါတယ်။
ဇွန် ၁၄ ရက်က ဒယ်တာကိုဗစ်- ၁၉ အသွင် ပြောင်း မျိုးစိတ်ကူးစက်ဖြစ်ပွားမှု ပထမဆုံး တွေ့ရှိ ခဲ့တဲ့ ကူဝိတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာတဲ့အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါ တယ်။ ဇွန် ၂၇ ရက်က နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၅၅၈ ဦးရှိလာခဲ့တဲ့အတွက် စုစုပေါင်း ကိုဗစ်-၁၉ ဖြစ်ပွားသူ ၃၅၁၄၈၁ ဦးအထိ  ရှိလာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ထားပါတယ်။
ကာကွယ်ဆေးထိုးထားသူတွေကိုခွင့်ပြု 
ထို့အတူ ဇွန် ၂၇ ရက်က ကူဝိတ်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားတဲ့နိုင်ငံသားတွေကိုပဲ စျေးဝယ်ကုန်တိုက်တွေ၊ ဆလွန်းတွေ၊ အားကစား ခန်းမတွေနဲ့ စားသောက်ဆိုင်တွေကို သွားရောက် ခွင့်ပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က ကူဝိတ်လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး မထိုးထားတဲ့သူတွေကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို မသွားလာဖို့ တားမြစ်ကြပါတယ်။
ကျန်းမာရေးဆောင်ရွက်ချက်တွေကို အကောင် အထည်ဖော်ရေးကော်မတီအကြီးအကဲ အယ်လ်မန် ဖိုဟီက အစိုးရရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဖို့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါ တယ်။   အဲဒီကော်မတီက   နိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ အကူအညီကိုယူပြီး အရပ်ဘက် ကျန်းမာရေးအဖွဲ့တွေကို ကူညီကာ ကျန်းမာရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မလာရောက်ဖို့ တားဆီးသွားမယ် 
လာမယ့် တနင်္ဂနွေနေ့မှစကာ ကာကွယ်ဆေး မထိုးထားတဲ့သူတွေကို   စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊  အားကစားခန်းမတွေ၊   ဆလွန်း တွေ၊ စျေးဝယ်ကုန်တိုက်တွေကို   လာရောက်ခြင်း မပြုဖို့ တားဆီးသွားမှာဖြစ်ပါတယ်။
လာမယ့်နှစ်လအတွင်း ကူဝိတ်မှာ ကျန်းမာ ရေး လိုအပ်ချက်တွေကို ဒီထက်ပိုပြီး တင်းကျပ် သွားဖို့လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးထားသူ အရေအတွက် ရာခိုင်နှုန်းတိုးလာခြင်းဖြင့် ပြည်သူ တွေကြား ခုခံအားတိုးမြင့်လာဖို့ကို မျှော်မှန်းရမှာ ဖြစ်ပါတယ်။
သြစတြေးလျရဲ့ ကိုဗစ်ကူးစက်မှု 
သြစတြေးလျနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့     နယူးဆောက်သ်ဝေးလ် ပြည်နယ်မှာ ဇွန် ၂၆ ရက်က ကိုဗစ်- ၁၉ ထပ်မံ ကူးစက် ဖြစ်ပွားသူ ၃ဝ ရှိခဲ့တယ်လို့  ဖော်ပြခဲ့ပါ တယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအားလုံးဟာ ဆစ်ဒနေ အရှေ့ပိုင်း   ဘွန်ဒီအစုလိုက် ကူးစက် ဖြစ်ပွားမှုနဲ့ သက်ဆိုင်နေပါတယ်။
မြောက်ပိုင်းအချုပ်အခြာပိုင်နယ်မြေဟာ အခု တော့ ကိုဗစ်-၁၉ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ဒါဝင်မှာ အလုံပိတ် ကန့်သတ်ပိတ်ဆို့ မှုကို ၄၈ နာရီကြာ ချမှတ်လိုက်ပြီဖြစ်ပါတယ်။ 
ရွှေတွင်းလုပ်သားလေးဦး ဒယ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်      ကူးစက်ဖြစ်ပွားမှုတွေ့ရှိပြီးတဲ့ နောက်မှာ အပြည့်အဝအလုံပိတ်ကန့်သတ်ပိတ်ဆို့မှုကို ဇွန် ၂၇ ရက် နေ့လယ် ၁ နာရီမှာ ဒါဝင်၊ ပါမာစတန်နဲ့      ဒါဝင်ကျေးလက်ဒေသတွေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။
ခိုင်မာတဲ့အကြောင်းပြချက်နဲ့ အပြင်ထွက်ရမယ် 
အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုအတွင်း ပြည်သူ တွေအနေနဲ့   အကြောင်းပြချက်  ငါးချက်နဲ့သာ အပြင်ထွက်ခွင့်ရရှိမှာဖြစ်ပါတယ်။ အဲဒီအကြောင်း ပြချက်တွေထဲမှာ  ဆေးဝါးကုသမှု၊    မရှိမဖြစ် ကုန်ပစ္စည်းဝယ်ယူမှုနဲ့  မလုပ်မနေရလုပ်ရမယ့် အလုပ် စတာတွေပါဝင်ပါတယ်။ ပြည်သူတွေအနေ နဲ့ သူတို့နေအိမ်က ထွက်ခွာလာတဲ့အခါမှာတော့ နှာခေါင်းစည်းကို   မဝတ်မနေရ   ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ 
တခြား   သြစတြေးလျပြည်နယ်တွေအနက် သြစတြေးလျအနောက်ပိုင်း၊    သြစတြေးလျ တောင်ပိုင်းတို့မှာလည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကို တားဆီးဖို့ ဆောင်ရွက်နေကြပါတယ်။ 
၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့   ဒယ်တာကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ ကူးစက်မှုအမြန်ဆုံးနဲ့  အင်အား ချည့်နဲ့သူတွေအတွက် ကြောက်စရာအကောင်းဆုံး မျိုးစိတ်တစ်ခုဖြစ်တယ်လို့  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က   သတိပေးပြောကြားထားပါတယ်။ ။  
ကိုးကား - ဆင်ဟွာ