ကြေးမုံ စာတည်းရှုထောင့်

ပြည်သူများလူမှုဘဝအဆင်ပြေစေရေး အသိပေးကြိုးပမ်းလုပ်ဆောင်

ယခုရက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား နေ့စဉ်ပြတ်တောက်မှုကြောင့် ပြည်သူ များ၏ လူမှုစီးပွားနေထိုင်မှုဘဝများ၌ အခက်အခဲများရှိနေမည်ဖြစ်သည်။ ပြည်သူ များအား လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်အောင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လျှပ်စစ်ဓာတ်အားပေးဝေမှုတွင် လတ်တလော၌ အကြောင်းအမျိုးမျိုးကြောင့်  အခက်အခဲများရှိနေသည်ကို  ပွင့်လင်းမြင်သာစွာ အသိပေးရမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အချိန်အခါကိုက် စတင်ကြိုးပမ်း

မြန်မာလူမျိုးများသည် အစားအစာများတွင် ဆီပါမှနှစ်သက်ကြသောလူမျိုး ဖြစ်သည်။ ဆီမပါဟင်းမဖြစ်၊ ဆီပါမှ ကျေနပ်၊ ဆီကို အစွဲအလမ်းကြီးစွာ အရသာခံ စားသောက်ကြသည်။ သန့်စင်သောဆီကို သင့်တင့်မျှတစွာစားသုံးပါက ကျန်းမာ ရေးကို အထောက်အကူပြုပြီး အလွန်အကျွံစားသုံးပါက ကျန်းမာရေး ထိခိုက်နိုင် သည်ကို သိပါသော်လည်း ဆီစားသုံးခြင်းကို  မလျှော့နိုင်ဘဲ နေ့စဉ်စားသုံးနေကြ သည်။

စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲနေ

မြန်မာနိုင်ငံသည် မြေမျက်နှာပြင် ပထဝီဝင်အနေအထားနှင့် မှီတင်းနေထိုင်ကြ သော လူမျိုးစုများ၏ အခြေအနေတို့သည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူ ထူးခြား သည့် ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည်ကို  ပြည်ထောင်စုဖွား တိုင်းရင်း သားပြည်သူအားလုံး သိရှိနားလည်နိုင်စေရေး ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါ သည်။ ထို့အပြင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများသည် ပြည်ထောင်စု ကြီးအတွင်း ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြသည်ကိုလည်း အားလုံးက သိရှိနားလည်ထားကြရန်လိုအပ်ပါသည်။

တိုင်းကျိုးပြည်ပြု လူသားအရင်းအမြစ်ပျိုးထောင်

မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အဝန်းနှင့် မှီတင်းနေထိုင်ကြသော ပြည်သူများအချိုးအရ ချောင်ချောင်ချိချိ နေထိုင်လုပ်ကိုင်နိုင်သောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်နိုင်သည့်   ရေခံမြေခံကောင်းမွန်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေ ၅၅ သန်းကျော်နေထိုင်ပြီး အသက် (၁၈) နှစ်အထက် လူဦးရေမှာ ၃၇ သန်းကျော်ခန့်ရှိသဖြင့် အလုပ်လုပ်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး မပေါ့မဆအလေးထားလိုက်နာ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ယင်းနှစ် ဇူလိုင်လတတိယပတ် နှင့်   စတုတ္ထပတ်   ဒုတိယလှိုင်းကာလတွင် တစ်ရက်လျှင်    ပျမ်းမျှပိုးတွေ့ဦးရေ လူ ၅၀၀၀ ကျော်ခန့် (၄၁ ရာခိုင်နှုန်း) အထိ  ဖြစ်ပွားခဲ့ပါသည်။    ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု လျင်မြန်စွာ ဖြစ်ပွားမှုကို အစွမ်းကုန်ကြိုးပမ်းထိန်းချုပ်နိုင်ခဲ့ပါသည်။

ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး စည်းလုံးခြင်းသည်အသက်သွေး

မြန်မာနိုင်ငံသည် ကျူးကျော်သူနယ်ချဲ့တို့ကို  လက်နက်စွဲကိုင်   တွန်းလှန် တိုက်ခိုက်၍ အနိုင်ယူခဲ့သော်လည်း တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်း သားပြည်သူအပေါင်းတို့၏  စည်းလုံးညီညွတ်သော  စိတ်ဓာတ်စွမ်းအားများကို အခိုင်အမာထုတ်ဖော်ပြသ၍ အရယူနိုင်ခဲ့ပါသည်။ နယ်ချဲ့ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အကြိမ်ကြိမ်အခါခါ နည်းပရိယာယ်မျိုးစုံဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့ သော်လည်း တိုင်းရင်းသားပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုအားမာန်ကို မခံနိုင်ဘဲ လွတ်လပ်ရေးပေးခဲ့ရပါသည်။

ယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်းမြှင့်တင်

မြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာကောင်းများ ထွန်းကားခဲ့သောနိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်များတွင် ယဉ်ကျေးမှုအစဉ်အလာများနှင့်   အစဉ်အဆက်ထိန်းကျောင်းရှင်သန်ရပ်တည် နေထိုင်ခဲ့ကြရာ မြတ်နိုးဂုဏ်ယူဖွယ်ရာဖြစ်သည်။

စိန်ရတုပြည်ထောင်စု ထာဝရငြိမ်းချမ်းရေးရှေးရှု

ယခုနှစ်သည် တစ်မူထူးခြားသော နှစ်တစ်နှစ်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ်ရေး နေ့တို့နှင့် တိုက်ဆိုင်လျက်ရှိသည်။  လွတ်လပ်ရေး၊  စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်၍ ထူးခြားသောစိန်ရတုနှစ်တွင် ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက်   အဓိကလိုအပ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိနိုင်အောင် စုပေါင်းလက်တွဲ၍   ဆောင်ရွက် ကြရမည်ဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးဦးထိပ်ထား ပြည်ထောင်စုကိုစောင့်ရှောက်

မြန်မာနိုင်ငံသည်  တိုင်းရင်းသားမျိုးနွယ်စုများ  စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေထိုင်ခဲ့ကြသောနိုင်ငံဖြစ်၍ ပြည်ထောင်စုကြီး   ထာဝရတည်တံ့ခိုင်မြဲနေစေရန်    အထူးလိုအပ်ပါသည်။ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက်  ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်၍    ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်နေကြရမည် ဖြစ်ပါသည်။

နိုင်ငံတော်ရည်မှန်းချက်အောင်မြင်ရေး တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးနှင့်စီးပွားရေးသည် အပြန်အလှန် အမှီသဟဲ ပြုလျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျှင် ကာကွယ်ရေးစွမ်းအားမြင့်မားပြီး ကာကွယ်ရေးစွမ်းအား မြင့်မားတိုးတက်လျှင် နိုင်ငံနှင့်လူမျိုးကို အလုံးစုံကာကွယ် စောင့်ရှောက်နိုင်သည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ပေါ်လာပေမည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့်     ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေး(၁/၂၀၂၂)တွင် ရှင်းလင်းပြောကြားခဲ့သည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်