ကြေးမုံ စာတည်းရှုထောင့်

စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

ကိုလိုနီခေတ်၌လည်းကောင်း၊              လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလ၌ လည်းကောင်း၊ မျက်မှောက်ကာလ၌ လည်းကောင်း စည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆင်ခြင် ထောက်ရှုကြည့်လျှင် မြန်မာတို့စိတ်ထားနှင့် လုပ်ကိုင်ဆောင်ရွက်မှုများမှာ အဓိက ကျနေသည်ကို တွေ့ရသည်။ 

အမျိုးသားရေး၊ နိုင်ငံရေး အောင်မြင်ရေးကြိုးပမ်း

ကုန်လွန်ခဲ့သော နှစ်ကာလများ၊ အထူးသဖြင့် ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကာလများ သည် မြန်မာ့နိုင်ငံရေးသမိုင်းကို  အလှည့်အပြောင်းဖြစ်စေသော အကြောင်းတရား များ ဖြစ်ပေါ်ခဲ့သောကာလများဖြစ်သည်။ အဆိုပါကာလများကို  အကြောင်းခံ၍ ယခု ၂၀၂၂ ခုနှစ်သည် ထူးခြားသောနှစ်၊ အရေးပါသောနှစ်ဖြစ်လာသည်။ ထူးခြား သောနှစ်ဖြစ်ရခြင်းတွင် ပိုမို၍အဓိပ္ပာယ်လေးနက်စေသည်မှာ ယခုနှစ် ၂၀၂၂ ခုနှစ် တွင် စိန်ရတုပြည်ထောင်စုနေ့နှင့် လာမည့်နှစ် ၂၀၂၃ ခုနှစ်တွင် စိန်ရတုလွတ်လပ် ရေးနေ့နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတစ်နှစ်တာခရီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ       တစ်နှစ်တာခရီးရောက်ရှိခဲ့ပြီဖြစ်သည်။ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။

ချစ်ခင်စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်

အချုပ်အခြာအာဏာပိုင်ဆိုင် လွတ်လပ်သောနိုင်ငံအဖြစ်   အခြေခိုင်စွာ ရပ်တည်နိုင်ရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလက  နိုင်ငံကိုလွတ်လပ်စေလိုသော၊    နိုင်ငံကို ကောင်းစားစေလိုသော၊  နိုင်ငံကိုချစ်မြတ်နိုးသော   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်တွင် မရှိမဖြစ်လိုအပ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပင်လုံညီလာခံတွင် အမိအရတည်ဆောက်ခဲ့သည်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အလေးထားဆောင်ရွက်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်  ဗီဇမျိုးကွဲ(အိုမီခရွန်)ရောဂါ ပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ်သည်။ အာရှ၊ ဥရောပနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု စံချိန်တင် မြင့်တက်နေပြီး   တစ်နေ့တည်း   လူဦးရေထောင်သောင်းချီ၍  ကူးစက်ခံရသော နိုင်ငံများရှိသည်။   လွန်ခဲ့သည့်ရက်က  ပြင်သစ်နိုင်ငံတွင်  တစ်ရက်တည်းနှင့် လူငါးသိန်းကျော်၊ ဂျပန်နိုင်ငံတွင် တစ်ရက်တည်းနှင့် လူဦးရေခုနစ်သောင်းကျော် စံချိန်တင်ကူးစက်ခံခဲ့ရသည်။ 

စည်းကမ်းဥပဒေကို အထူးသတိပြုလိုက်နာ

အိမ်တွင် အိမ်စည်းကမ်း၊ လမ်းတွင် လမ်းစည်းကမ်း၊ မြို့ရွာတွင် မြို့ရွာစည်းကမ်း၊ နိုင်ငံတွင် နိုင်ငံစည်းကမ်းဥပဒေတို့ရှိသည်။ စည်းကမ်းဥပဒေတို့သည် လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်။ စည်းကမ်းဥပဒေတို့ကို လိုက်နာမှသာ အေးချမ်းသာယာ ဝပြောသော ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိတို့မကျေနပ်ချက်ဖြင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးရန်မသင့်ပေ။ လောကဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုး အောင် မပြုလုပ်သင့်ပေ။ သို့သော် လောကတွင် အကောင်းနှင့်အဆိုးတို့ရှိရာ မကောင်း သောအမှုကို ပြုလုပ်ပါက စည်းကမ်းဥပဒေအရ အရေးယူခြင်းခံကြရမည်ဖြစ်သည်။

စည်းလုံးညီညွတ်သည့် ဟန်ချက်ညီသောပန်းတိုင်ဆီ

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး တန်းတူ ခံစားနိုင်မည့်  ရေရှည်တည်တံ့ခိုင်မြဲပြီး   ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို  ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသန္နိဋ္ဌာန်ကို အမှန်တကယ်ဖော်ဆောင်နိုင်ရန် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့လိုမည်ဖြစ်သည်။

ဥပဒေဖောက်ဖျက်အကြမ်းဖက် အမြစ်ပါမကျန်တိုက်ဖျက်

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ မိမိတို့ရည်မှန်းချက်အောင်မြင်ရေး၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ  စိုးရိမ်ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေရန်အတွက်  မြို့ရွာသို့  အလစ် အငိုက်ထိုးဖောက်ဝင်ရောက်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများ၏ လုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။

စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးခြေလှမ်းသစ်

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်နေသည်။ စည်းလုံးညီညွတ်မှု  လျော့ရဲချည့်နဲ့သည်နှင့်  အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ပြည်ထောင်စုကြီးအား ထိပါးလာသည်ကို တွေ့ကြရမည်ဖြစ် သည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် စည်းလုံးညီညွတ်မှုကို တိုင်းရင်းသားပြည်သူအားလုံး ကြိုးပမ်းတည်ဆောက်နေကြရမည်ဖြစ်သည်။ 

နိုင်ငံအနာဂတ်တိုးတက်ရေး ပညာရေးကိုဦးစားပေး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည်  အဓိကအခြေခံ ကျသည့် အရေးပါသောကဏ္ဍဖြစ်သည်။ ပညာအရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါများသောနိုင်ငံသည် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်ပါအံ့မည် နည်း။ ပညာအရည်အချင်းနိမ့်ကျပြီး လူ့စွမ်းအားအရင်းအမြစ်နည်းပါးသောနိုင်ငံ သည် မဖွံ့ဖြိုးဘဲ ဆင်းရဲတွင်းသံသရာလည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာအရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ကြသည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်