လူမှုရေး

အတွေးအကြံ

သင်သည် တောင်ထိပ်၌ပေါက်နေသော ထင်းရှူးပင် 
မဖြစ်နိုင်လျှင် တောင်ကြားက ချုံပုတ်လေး ဖြစ်ပါစေ။
သို့ရာတွင် အကောင်းဆုံးချုံပုတ်တော့ ဖြစ်ပါစေ….။
သစ်ပင်မဖြစ်နိုင်လျှင် ချုံပုတ်ဖြစ်ပါစေ။
ချုံပုတ်မဖြစ်နိုင်လျှင် မြက်ပင်တစ်စုဖြစ်ပါစေ။
လမ်းမတစ်ခုကို လှပမှုပြုသည့်
မြက်ပင်တစ်စု ဖြစ်ပါစေ….။     ။


ဒေါက်ဂလပ်စ်မာလော့
    (အီမာဆင်၏ဆောင်းပါးကိုမှီး၍ 
    ကဗျာဆရာ ဒေါက်ဂလပ်စ်မာလော့က
    ရေးဖွဲ့ခဲ့ရာ ကမ္ဘာကျော်ကဗျာဖြစ်ခဲ့၏)

စကားကိုကောင်းစွာဆိုတတ်ခြင်း၊ စကားကို ကောင်းစွာပြောတတ်ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရားကဟောပါသည်။ စကားကိုကောင်းစွာဆိုတတ်ခြင်းဟုဆိုလျှင် စကားပြောသည့်အခါ ချိုချိုသာသာပြောခြင်းက စရပါမည်။ လေ့လာတွေ့ရှိချက်များအရ လူတစ်ဦးနှင့်တစ်ဦးကြား အခန့်မသင့်ဖြစ်မှုမျာ

အသက်ရှူလေ့ကျင့်ခန်း များများလုပ်ပေးပါ

 

ကိုရေချမ်း
 

ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအားရက်တိုင်း သူငယ်ချင်းတစ်သိုက် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကောင်းကြသဖြင့် ကျောင်းလက်ရွေးစင်များဖြစ် လာကြသည်။ ကျွန်တော်တို့အုပ်စုတွင် ဖိုးဇော်သည် ဘောလုံးတွင် အကောင်းဆုံးဖြစ်၍ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျောင်းချင်း ချိန်းကန်ပွဲ၊ ရပ်ကွက်ချင်း ချိန်းကန်ပွဲတွင် ဖိုးဇော်သည် အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်သည်။ သူမပါလျှင် ပွဲမပြီး။  ပွဲများစွာ အနိုင်ရခဲ့သည်။ တစ်နာရီခွဲခန့် အချိန်ကြာကန်သည့် ဘောလုံးပွဲတိုင်းတွင် ဖိုးဇော်သည် မနားတမ်းတစ်ကွင်းလုံးပတ် ကန်နိုင်ခဲ့သည်။ ဖိုးဇော်၏ ကစားကွက်နှင့် သက်လုံကောင်းပုံမှာ အံ့မခန်းဖွယ်ဖြစ်သည်။

ညီညွတ်ခြင်းသည် အင်အား . . .

ဘမောင်တိုး
 

တိုင်းပြည်မှာ ဆူပူအကြမ်းဖက်အဖျက်လုပ်ရပ်တွေ ပေါ်ပေါက်နေတာဟာ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မကောင်းတဲ့အဖြစ်တွေပါပဲ။ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေမယ်ဆိုရင် ပြည်သူတွေ ဘယ်သူမှ ဝမ်းသာကြမှာ မဟုတ်ပါဘူး။ မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထုအများစုဟာ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကြောင့် ကြောက်ရွံ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပူပန်သောက ရောက်နေကြမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ပြည်သူအားလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မကောင်းမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့သူတွေက အနည်းစုဖြစ်ပြီး စိုးရိမ်ထိတ်လန့်ဖြစ်ကြတဲ့ ပြည်သူတွေက အများစုဖြစ်မှာ သေချာပါတယ်။

 

Subscribe to လူမှုရေး