လူမှုရေး

အကြမ်းဖက်သူတွေအတွက် ပုန်းခိုစရာမြေမရှိစေရ

 

တင်မေဆက်

အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ဗုံးတွေခွဲ၊ မိုင်းတွေထောင်၊ အပြစ်မဲ့ပြည်သူကို ဒလန်အမည်တပ် ခြိမ်းခြောက်သတ်ဖြတ်ပြီး တိုင်းပြည်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘာတစ်ခုမှ နာလန်မထူအောင် ရည်ရွယ်ကြံဆောင်နေသူတွေက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တိုင်းကို တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့   နိုင်ငံတကာမှာ  လိမ်လည်လှည့်ဖျားနေကြပါတယ်။

မျက်နှာပြောင်ပြောင်နဲ့ ဖြေဆိုနေကြ

အားလုံးပါဝင်ကြရမယ့် ကိုဗစ် စစ်ဆင်ရေး

 

ကိုကိုလှိုင်

၁၂-၇-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ လတ်တလော ဖြစ်ပွားနှုန်း မြင့်တက်လာနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ်တွန်းလှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်လမ်းညွှန် ဆွေးနွေးခဲ့ပြီး တက်ရောက်ခဲ့ကြတဲ့ တာဝန်ရှိသူအသီးသီးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရရှိထားတဲ့ သတင်းအချက်အလက်တွေ၊ လက်တွေ့လုပ်ဆောင်နေတာတွေနဲ့ ဆက်လက်ဆောင်ရွက်သွားသင့်တာတွေကို တင်ပြဆွေးနွေးသွားခဲ့ကြပါတယ်။

ကမ္ဘာမြေတစ်ဆုံး တွေ့အောင်ရှာမယ်

 

 မိုးဦးဝေ

“တောက်”


မခံမရပ်နိုင်အောင် ဖြစ်လွန်းလို့ တောက်ခေါက်မိပါ တယ်။ မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ  စိတ်မချမ်းသာ စရာ အနိဋ္ဌာရုံ မြင်ကွင်းကို တွေ့လိုက်ရလို့ ရက်စက် ယုတ်မာတဲ့သူတို့တွေကို ခံပြင်းဒေါသဖြစ်မိပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ် မြို့ အောင်ချမ်းသာရပ်ကွက်  ဈေးအဝင်လမ်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အတွက် ပြည်သူတွေကို ပညာပေးဟောပြောတာ တွေ၊ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်း တွေ လိုက်လံဝေငှတာတွေ လုပ်ပေးနေတဲ့ တာဝန် သိတဲ့ ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။

ပြည်သူ့စွမ်းအား အထူးကြီးမား

 

ကိုရေချမ်း
 

မရောက်မီက ကြိုနှင့်သည်။                
မရိုက်မီက ငိုနှင့် သည်။                
မဆောက်မီက ဖြိုနှင့်သည်။                
    ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်။


‘ယ’ ရက်နှင့် ‘န’ နာရီတို့သည် မစမီကတည်းကပင် ပျက်သုဉ်း ပျောက်ကွယ်ခဲ့ရလေပြီ။ 

အားကျစရာ ဓမ္မပါလတို့ရွာ

 

စာချစ်သူ
 

နေ့နှင့် ညတို့သည် ယခင်ကသိပ်မထူးခြား မကွာခြားလှဟု ထင်ခဲ့သည်။ ယခု မျက်မှောက်ကာလမှာတော့ သိသိသာသာ ခြားနားကွာခြားခဲ့လေပြီ။ တစ်လောက၊ တစ်နေ့က မြင်တွေ့ခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများ၊ သူတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးမိတ်သင်္ဂဟများသည် နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်   ဆိုသလို သူတို့ချစ်သူခင်သူတို့အား ထာဝရ ကျောခိုင်းနှုတ်ဆက်ခွဲခွာသွားခဲ့ကြလေသည်။

အာဇာနည်ခေါင်းဆောင်ကြီးပေးသည့် သမိုင်းသင်ခန်းစာ

 

အာဇာနည်နေ့အထိမ်းအမှတ်ဆောင်းပါး

 

မောင်ငြိမ်းအေး

 

မိုးတဖွဲဖွဲ တသဲသဲ ဇူလိုင်လသည် လွမ်းမောဖွယ်ရာ ဖြစ်သည်။ 


လွမ်းမောဖွယ်ရာတို့တွင် ဆွေးမြည့်ကြေကွဲစရာ များလည်းရှိသည်။ ဤလဤကာလတွင် လွမ်းမော ဖွယ်ရာ    ကြေကွဲစရာသည်ကား    အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ခေါင်းဆောင်များ   ကျဆုံးခဲ့ရသည့်   အဖြစ်ဆိုးကြီးပေတည်း။   ထိုအဖြစ်ဆိုးကြီးကို   ကျွန်ုပ်တို့ ယနေ့တိုင် မမေ့နိုင်၊ ဝမ်းနည်းပူဆွေး ကြေကွဲနေရ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထာဝစဉ် မမေ့နိုင်သော အမျိုးသားခေါင်းဆောင် တကယ့် ယောကျ်ားကောင်း အာဇာနည်စစ်စစ်ပါပေတည်း။

ကိုဗစ်ကာကွယ်ရေးပစ္စည်းဝေနေသူကို ရက်ရက်စက်စက်ပစ်သတ်သွားတာ တော်လှန်ရေးလား

 

နေခြည်သွေး

အမရပူရမြို့နယ်   မြစ်ငယ်မြို့လေးက အင်မတန်အေးချမ်းတဲ့    မြို့လေးပါ။ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ငယ်မြို့ လေးမှာ  ရာဇဝင်မှာ   အမည်းစက်တင် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ကိုဗစ်-၁၉  တတိယလှိုင်း ကြောင့် အခက်တွေ့နေချိန်  မဖြစ်မနေ အပြင်ထွက်ရမယ့် ပြည်သူတွေ ကျန်းမာ ရေးအန္တရာယ်ကင်းစေဖို့   ဈေးရှေ့မှာ နှာခေါင်းစည်းဝေနေတဲ့  အမျိုးသမီး တစ်ဦး ရက်ရက်စက်စက်    သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ 

ထိပ်ဆုံးမှာ တွေ့ကြမယ်သင်၏ အခြားသူများကို ရှုမြင်ပုံ

ခင်မောင်ညို (ဘောဂဗေဒ)
 

==========

 

 

(၈-၇-၂၀၂၁ ရက်နေ့မှအဆက်)
ခင်ဗျားသည်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် 

Subscribe to လူမှုရေး