လူမှုရေး

အာဇာနည်နေ့ကို သင်ခန်းစာယူကြဖို့လို

 

မျိုးငြိမ်းငယ်

သင်ခန်းစာယူရမယ့်သမိုင်းဖြစ်စဉ်တစ်ရပ်


မြန်မာနိုင်ငံနဲ့ နိုင်ငံသားအားလုံးအတွက် ဝမ်းနည်း ကြေကွဲဖွယ်အာဇာနည်နေ့ဟာ   ယခုဆိုရင်    (၇၄)နှစ်ပင် တိုင်ခဲ့ပါပြီ။


မြန်မာနိုင်ငံအတွက်        မမေ့ပျောက်နိုင်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။   နယ်ချဲ့တို့ရဲ့ ကြိုးဆွဲ စေခိုင်းချက်အောက်မှာ   ကိုယ့်နိုင်ငံသားအချင်းချင်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို     လုပ်ကြံခဲ့ ကြတာပါ။  တိုင်းပြည်အတွက် ရင်နာစရာကောင်း လှသလို သင်ခန်းစာယူဖွယ်လည်း ဖြစ်ပါတယ်။ 

မြင့်မားတဲ့ဘဝသစ် ဖန်တီးကြမယ်ဆိုရင်

လွတ်လပ်ရေးရပြီးခါစ   ၁၉၅၂    ခုနှစ်    ဩဂုတ်လ ၄-၁၇   ရက်အတွင်း   တိုင်းပြုပြည်ပြုလွှတ်တော် ပြည်တော်သာညီလာခံကျင်းပရာမှာ     ဘဝသစ် ဖန်တီးမှု  ပညာရေးစီမံကိန်းတစ်ရပ်   တင်သွင်းခဲ့ တယ်လို့ မှတ်တမ်းတစ်ခုအရသိရပါတယ်။ အဓိက ရည်ရွယ်ချက် (၃) ရပ်ကို အောက်ပါအတိုင်း ဖတ်ရှု ရပါတယ်-
(က)    ပြည်ထောင်စုသားမှန်သမျှ     အရေး အဖတ်အတွက် နားလည်သူဖြစ်စေရန်၊


(ခ)    လိုအပ်သော      စက်မှုလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်လာစေရန်၊

Subscribe to လူမှုရေး