ကျန်းမာရေး
သက်ရှည်ကျန်းမာဖို့ E- စီးကရက်ကို ရှောင်ကြဉ်ကြပါစို့
မောင်သောင်းဝင်း(တမန်ဟောင်း)
=================
သက်ရှည်ကျန်းမာဖို့ ဆေးလိပ်ရှောင်ကြဉ်ကြပါစို့
ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း ရုပ်မြင်သံကြားက အမြဲတစေသတိပေးလျက်ရှိသော်လည်း တချို့ သောသူများသည် ဆေးလိပ်သောက်သုံးနေဆဲပင် ဖြစ်သည်။ ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးကို သိလျက်နှင့် စွဲစွဲမြဲမြဲသောက်သုံးနေခြင်းဖြစ်သည်။ ထိုသို့ဆေးလိပ်သောက်သုံးရာတွင် ဆယ်ကျော် သက်လူငယ်များလည်း ပါရှိလာသည်။ လူငယ်များ သည် အပေါင်းအသင်းမှားခြင်း၊ လက်တည့်စမ်းခြင်း မှတစ်ဆင့် ဆေးလိပ်စွဲသွားတတ်သည်။
သေဆုံးမှုမြင့်မား
- Read more about သက်ရှည်ကျန်းမာဖို့ ဆေးလိပ်ရှောင်ကြဉ်ကြပါစို့
- Log in to post comments
တစ်ပူပေါ်နှစ်ပူဆင့် ကာကွယ်ဆေးအတုနှင့် ဆေးဝါးအတု ပြဿနာ
မေယု-မျိုးအောင် (MANA)
နို့သောက်သုံးခြင်းနှင့် ကျန်းမာရေး
ဖြိုးသူဟန်
နို့သည် သက်ရှိအားလုံးတို့အတွက် အာဟာရပြည့်ဝစေပြီး အင်အားပြည့်ဖြိုးစေသော အစားအစာတစ်ခု ဖြစ်ပေသည်။ နို့နှင့်နို့ထွက်ပစ္စည်းများတွင် အာဟာရအရည်အသွေး မြင့်မားစွာ ပါဝင်လျက်ရှိရာ လူသားတို့၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရရင်းမြစ်တစ်ခု ဖြစ်ပေသည်။ ဘီစီ ၄၀၀၀ ခန့်မှစတင်၍ လူ့အဖွဲ့အစည်း အသီးသီး တို့က နို့နှင့်နို့ထွက်ပစ္စည်းများကို အဓိကအစားအစာအဖြစ် တန်ဖိုးထား စားသုံးခဲ့ကြပေသည်။ နို့တွင် ဗီတာမင် D များစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်၊ ပရိုတင်း၊ ဗီတာမင် A ၊ ဗီတာမင် B12 ၊ ရိုင်ဘိုဖလေဘင်၊ နိုင်ရာဆင် အစရှိသော သတ္တုဓာတ်များလည်း ပါဝင်နေပေသည်။
- Read more about နို့သောက်သုံးခြင်းနှင့် ကျန်းမာရေး
- Log in to post comments
အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ခြင်းဆိုင်ရာ အစီအမံများ
သီဟဟိန်း
၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံးကို ပြန်ကြည့်ပါက ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေး အစီအစဉ်များနဲ့ ပုံမှန်ထက်ပိုအလုပ်ရှုပ်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ အာဆီယံ-တရုတ် ကျန်းမာရေး အဆင့်မြင့်အရာရှိကြီးများ ကွန်ရက်ကတစ်ဆင့် ကိုဗစ်-၁၉ တပ်လှန့်ချက်ကို လက်ခံရရှိခဲ့ပြီး ဇန်နဝါရီလ ၅ ရက်တွင် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စတင်ခဲ့ပါတယ်။