မြန်မာ့အလင်းအယ်ဒီတာအာဘော်

နိုင်ငံရေးအသိ ကျန်းမာရေးသတိဖြင့်

 

 

ရွေးကောက်ပွဲပြီး၍ မဲအနိုင်အရှုံးစာရင်းများကို ထုတ်ပြန်ကြေညာ နေပြီ။ အပြီးအပြတ် ရေတွက်မှုမပြီးဆုံးသေးဘူးဆိုသော်လည်း ရေတွက်ပြီးသလောက်နှင့် ထုတ်ပြန်မှုများအရ အနိုင်ရပါတီကို ခန့်မှန်းသိရှိနေကြပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ အများစုတွင် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပြီဟု သိနေကြရပါပြီ။

မဲပေးခဲ့ကြသော ပြည်သူလူထုကား မိမိတို့ အားကိုးတကြီးဖြင့် ယုံယုံကြည်ကြည် မဲပေးခဲ့ကြသည့်အတိုင်း ဖြစ်လာပြီဟူသော အပျော်က တခြိမ်းခြိမ်းဖြစ်နေသည်။

 

 

ပြည်သူ့ အဆုံးအဖြတ်မှ ပြည်သူ့ အစိုးရဆီသို့

 

 

မြန်မာနိုင်ငံ၏ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပပြီးစီး ခဲ့ပြီးနောက် မဲများစတင်ရေတွက်နေပြီ။ အချို့သော မဲဆန္ဒနယ် တို့ရှိ မဲအနည်းအများ၊ အနိုင်အရှုံး စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က စတင်ကြေညာနေပြီ ဖြစ်သည်။

 

 

ယုံကြည်မှုကို ပြည်သူ့မဲဖြင့် ပြကြပြီ

 

 

 

မြန်မာနိုင်ငံသားတို့မျှော်လင့်နေကြသော ရွေးကောက်ပွဲကြီး ကျင်းပ ပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တို့တွင် ပေးခဲ့သော မဲအရေအတွက် စာရင်းများကို စတင်ရေတွက်နေပြီလည်းဖြစ်၏။ ထိုမဲစာရင်းတို့၏ ရေတွက်ပြီး ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မကြာမီတွင် ကြေညာထုတ်ပြန်တော့မည် ဖြစ်ပါသည်။

အချုပ်အခြာအာဏာ ပြည်သူလူထုထံ၌သာ...

 

 

 

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မဲရုံများတွင် ပြည်သူလူထု အများ မဲပေးနေကြပေရော့မည်။ ပြည်သူအားလုံး စိတ်လှုပ်ရှားစွာ ဖြင့် သိလိုနေသည်မှာ ပြည်သူတွေက မည်သူတို့ကို ရွေးချယ်ကြပြီ လဲ ဟူသည့်အဖြေကို ဖြစ်ပါသည်။

မြန်မာပြည်သူတို့ မျှော်လင့်နေကြသည့် ၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲ။

 

 

တန်ဖိုးရှိရှိ မှန်မှန်ကန်ကန်

 

 

 

မနက်ဖြန် (နိုဝင်ဘာလ ၈ ရက်နေ့) တွင် ဆန္ဒမဲ ပေးကြရတော့မည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အချိန်မှန် ကျင်းပခြင်း၊ ဆန္ဒမဲပေးရန် အရည်အချင်းနှင့် ပြည့်စုံသူတိုင်း မိမိတို့၏ဆန္ဒနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရရှိခြင်းတို့က ဒီမိုကရေစီစံနှုန်းများတွင် အခြေခံအကျဆုံးဖြစ်သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခံခြင်းတို့က နိုင်ငံသားများ၏ မူလ အခွင့်အရေးများလည်း ဖြစ်သည်။

 

 

ရွေးကောက်ပွဲကျင်းပရန် နီးပြီ

 

 

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲက ငါးနှစ်တစ်ကြိမ် ကျင်းပသည် ဖြစ်ရာ ယခုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာပြည်သူတို့ မဲပေး ကြရတော့မည်ဖြစ်ပါသည်။ ၁၉၉၀ ပြည့်ကာလတုန်းက အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ကာမှ ထိုစဉ်က အာဏာသိမ်းအစိုးရက လွှတ်တော်ခေါ်မပေး၊ အစိုးရ အာဏာလွှဲပြောင်းမပေးခဲ့။ ပြည်သူ့ကိုယ်စားလှယ်အများစုမှာ ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချခံခဲ့ကြရ။

 

 

တက္ကသိုလ် ဝေါဟာရ

 

 

 

 

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဆောင်းပါးများ၊ ကဗျာများ၊ တေးသီချင်းများနှင့်အတူ တက္ကသိုလ်၏ပုံရိပ်များကို ပြန်လည်မြင်တွေ့ခံစားနေကြရပြီ။ တက္ကသိုလ်ဆိုသော ဝေါဟာရ ကို အနက်ဖွင့်ဆိုပါက အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချ ဆည်းပူးရာ ကျောင်းကြီးအဖြစ် ယနေ့ခေတ်တွင် အလွယ်တကူ နားလည်နေကြပြီဖြစ်သော်လည်း ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလကမူ တက္ကသိုလ် ဟူသည့် ဝေါဟာရ မပေါ်ပေါက်သေး။ အင်္ဂလိပ်ဝေါဟာရအားဖြင့် ရန်ကုန်ယူနီဗာစီတီ (Rangoon University) ဟူ၍သာ။

 

 

အခက်အခဲများကို ဖြေရှင်းအောင်မြင်ခြင်း

 

 

အနုပဝါဒေါ၊ အနုပဃာတော။

သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ မသတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။

 

 

သမိုင်းတစ်ခေတ်ကို ဘယ်လိုရေးမလဲ

 

 

သမိုင်းသင်တာ မ အ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။

 

 

နိုင်ငံရေးခေါင်းဆောင်တို့၏ နိုင်ငံရေးစေတနာ

 

စေတနာနံ ကမ္မံ ဘိက္ခဝေ အဟံ ၀ဒါမိ။

စေတနာကို ကံဟူ၍ ငါဘုရားသည် ဟောတော်မူ၏ဟု ဆိုပါ သည်။ ပြုပြုသမျှသော ကောင်းမှု မကောင်းမှုတို့တွင် စေတနာ သည် အရေးကြီး၏။

ကိုယ်ဖြင့် ပြုလုပ်ခြင်း (ကာယကံ)၊

နှုတ်ဖြင့် ပြောဆိုခြင်း (၀စီကံ)၊

စိတ်ဖြင့်ကြံစည်ခြင်း (မနောကံ)ဟူ၍ ကံသုံးပါးရှိရာ ထိုသုံးပါး သည် စေတနာကို အရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာ ကို ကံဟုဆိုခြင်းလည်းဖြစ်၏။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်