မြန်မာ့အလင်းအယ်ဒီတာအာဘော်

ယောနိသောမနသီကာရ

 

 

ကမ္ဘာတစ်လွှား၊ မြန်မာနိုင်ငံတစ်လွှား၌ ကိုဗစ်ရောဂါကူးစက် ပြန့်ပွားပြီဟု သိသည့်ခဏတွင် လူတို့တွင် ပထမဆုံးဖြစ်ပေါ်သော ခံစားမှုမှာ စိုးရိမ်စိတ်ဖြစ်၏။ စိုးရိမ်စိတ်နှင့် တွဲကပ်လာသည်မှာ စိတ်ပူပန်မှု။

မျှော်လင့်ခြင်းတို့အတွက် ရွေးကောက်ပွဲများ

 

 

 

 

လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။ အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်း ရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်၀ချမ်းသာဘ၀ကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။

 

 

အဒိန္နာဒါနာ ကံကို ရှောင်ကြဉ်ခြင်း

ရဟန်းပြုကြသောအခါ သာသနာတော်မှ ဆုံးရှုံးသောအပြစ်ဟူ၍ သတ်မှတ်တားမြစ်ထားသည့် ကံ၊ ပါရာဇိကကံထိုက်သည့်အထဲတွင် ခိုးယူခြင်းပါ၏။ ခိုးယူခြင်းကို ဘာသာတရားအသီးသီးက ဆန့်ကျင် ၏။ အလွယ်ဆုံးဆိုရလျှင် ပိုင်ရှင်ဖြစ်သူက ကိုယ်အားဖြင့်သော် လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း မပေးအပ်သော သူ့ဥစ္စာကို ယူခြင်းကို ခိုးသည်ဟုဆို၏။ သူတစ်ပါး၏ ဥစ္စာဟုဆိုရာ တွင် တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေနှင့် မဆိုင်၊ မြက်၊ ဝါးခြမ်းစိတ်လေးကအစ မယူရဘူးဟု ဆိုပါ၏။ ထိုသို့ခိုးယူရာတွင်လည်း ကိုယ်တိုင်ခိုးယူခြင်းဖြစ်စေ၊ သူတစ်ပါး ကို ခိုးယူခိုင်းခြင်းဖြစ်စေ ကိုယ်က လိုချင်စိတ်ဖြင့် လုံ့လစိုက်ထုတ်ကာ အရယူလိုသည်ဆိုခြင်းက ခိုးယူခြင်းပင

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်