မြန်မာ့အလင်းအယ်ဒီတာအာဘော်

တာဝန်တွဲလျက်ပါသည့် စေတနာ မေတ္တာ

 

 

ကိုဗစ်ရောဂါကဲ့သို့သော တစ်နိုင်ငံလုံးနှင့်ချီ၍ ထိခိုက်စေနိုင်သည့် ပြဿနာ ကြီးတစ်ခုလာတော့မည်ဟူသည့်အချိန်၊ တစ်ဖန် ထိုပြဿနာကြီးနှင့် အမှန်တကယ် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့်အချိန်တို့တွင် ယင်းကို မည်သို့မည်ပုံ စနစ်တကျရင်ဆိုင်မည်လဲဆိုသည့် အစီအမံတို့ကို နယ်ပယ်စုံ နှင့် ညှိနှိုင်းပြင်ဆင်ကြရပါသည်။

ဗြဟ္မစိုရ်တရားနှင့် ယှဉ်သော စည်းလုံးညီညွတ်ကြသော ပြည်သူ့အင်အားဖြင့်

 

 

 

 

စစ်တွေမြို့မှ စတင်ကာ တစ်ကျော့ပြန် ကူးစက်ပြန့်ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုသည် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။

ထိုသို့သော ကူးစက်ပြန့်ပွားမှုသတင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်သည့်အခါ ဗိုင်းရပ်စ်ရောဂါပိုး ၏ အန္တရာယ်နှင့်ပတ်သက်၍ အတော်ပင် မေ့လျော့အေးစက်နေကြ သည့် လူထုမှာ ရုတ်တရက် လှန့်နှိုးလိုက်သကဲ့သို့ နိုးကြားသွား ကြပါသည်။ မြို့ကြီးများ၏ လမ်းမများထက်တွင် မျက်နှာဖုံး၊ နှာခေါင်းစည်းကိုယ်စီကိုယ်စီဖြင့် လူအများအပြားကို ပြန်လည် တွေ့မြင်လာရလေသည်။

 

ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ တိတိကျကျလိုက်နာနေထိုင်ကြဖို့လို

 

 

 

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာအရေအတွက် ရုတ်တရက် များပြားလာသည်။ အတည်ပြုလူနာများမှာ ပြည်တွင်းကူးစက်မှုများဖြစ်နေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

 

 

အလုပ်အကိုင်အခွင့်အရေးနှင့် အလုပ်သမားဘ၀ အာမခံချက်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးဟုဆိုသည်နှင့် ရှေ့တန်းရောက်ပြဿနာ ဖြစ်နေသည့် ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေး၊ ဆင်းရဲ ချမ်းသာကွာဟမှု ကျဉ်းမြောင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီးနိုင်ရေး စသည်ဖြင့် ဖြေရှင်းစရာ စိန်ခေါ်မှု အများအပြား ရှိနေပါသည်။ အလုပ်အကိုင်အခွင့်အလမ်းဆိုရာ၌လည်း အလုပ်သမားတို့၏ လုပ်ခလစာ သင့်တင့်မျှတပါ၏လော၊ အလုပ်သမားတို့ နေ့စဉ်ဘ၀များ ပြေလည်ပါ၏လော၊ မိသားစု ရေရှည်ဘ၀အာမခံချက် ရှိပါ၏လော ဆိုသည်တို့ကိုလည်း ဆန်းစစ်ကြရပါသည်။

ပြည်သူတို့၏ အသိဉာဏ်အားဖြင့် ကပ်ရောဂါဘေးကင်းဝေးရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့် လာသည်နှင့်အမျှ မြန်မာနိုင်ငံမှ လူအပေါင်းကို အထူးပိုမို သတိထား နေထိုင်ကြရန်နှင့် လုံးဝ မပေါ့ဆမိကြပါရန် နှိုးဆော် ရပါ သည်။

မပေါ့ဆသောသတိဖြင့် ကိုဗစ်-၁၉ ကို ခုခံကြပါစို့

 

 

 

ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံတွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကို ပြည်သူတို့လိုချင်သည်

 

 

 

မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများဆိုသည်က လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေ ဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူ အနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့်အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။

ပြည်သူတို့က စစ်ကို မလိုလား။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်