ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ကြစို့
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက် အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ်များဖြင့် တည်ဆောက် နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်သကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။