ပြည်သူရေးသည့် ပြည်သူ့အရေးတော်ပုံ၏ ပန်းတိုင်ဆီသို့
သမိုင်းဆိုသည် ဖျောက်ဖျက်ပစ်ကောင်းသည့် အရာမဟုတ်။ သမိုင်း ဟူသည် လိမ်လည်ပြင်ဆင်ရေးသားသင့်သည် မဟုတ်။ သမိုင်း ဟူသည် ဖုံးကွယ်ထား၍လည်း ရမည်မဟုတ်။ အထူးသဖြင့်တော့ လူထုကရေးသော သမိုင်းတို့သည် ကျောက်စာတိုင်တို့ထက် ခိုင်၏ ဟု ဆိုချင်ပါသည်။