မြန်မာ့အလင်းအယ်ဒီတာအာဘော်
အယ်နီညိုရာသီဥတု သက်ရောက်မှုကာလ စိုက်ပျိုးရေအခက်အခဲ မကြုံကြရအောင်
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းကြ သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေ သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးမြေဧက ၂၉ ဒသမ ၅၉ သန်းကို လက်ရှိကာလတွင် အသားတင်စိုက်ပျိုးလျက်ရှိရာ ယင်းမြေပေါ်၌ပင် ရာသီအလိုက် သီးထပ် သီးညှပ်စိုက်ဧကများကို ပါ ထည့်သွင်းတွက်ချက်ပါက နှစ်စဉ်သီးနှံစိုက်ဧက စုစုပေါင်း ၄၈ သန်းကျော်ရှိသည်။
အရည်အသွေးမြင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန်ကြိုးပမ်း
၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက ကော်ဖီတန်ချိန် ၁ ဒသမ ၆၁ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံအထိ စံချိန်တင်ရှာဖွေနိုင်ခဲ့သည်ဆိုသည့် သတင်းမှာ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စား အားကျဖွယ်ရာပင်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ရေနံသည် အရေးပါဆုံးကုန်စည်ဖြစ်ပြီး ဒုတိယအရေးပါဆုံးမှာ ကော်ဖီဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ ဈေးကွက်တွင် နေရာတစ်နေရာ ရရှိလာနိုင်ရန် ကြိုးပမ်းကြဖို့ လိုမည်ဖြစ်သည်။
လူသားအရင်းအမြစ် တန်ဖိုးမြှင့်
နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦး ချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။
သမိုင်းပေးတာဝန်ကျေပွန်သူများ
သမိုင်းပေးတာဝန်ဟူသည် မိမိတို့ ရှင်သန်ဖြတ်သန်းနေကြ သည့် ခေတ်ကာလ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင် သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှု မှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။
ပဒေသာပင်ပေါက်အောင်ဆိုရင်
မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွား အရင်းအမြစ်များအားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့် အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့ နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။
လူတိုင်းပျော်ရွှင်ကျန်းမာကြံ့ခိုင်ရေး နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ပေး
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်သည့် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် နံနက်စောစော စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပခြင်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ကြခြင်း အစီအစဉ်များမှာ ယခု ရက်သတ္တပတ်တွင် နောက်ဆုံးအဖြစ် ကျင်းပကြမည်ဖြစ်သည်။ မိုးလေကင်းစင်၍ ရာသီဥတုအေးမြသည့် ဒီဇင်ဘာလကို လူထု အားကစားလှုပ်ရှားမှုလအဖြစ် သတ်မှတ်ပြီး တစ်နှစ်လုံးတွင် တစ်လ၊ တစ်လထဲတွင် တစ်ပတ်မှတစ်ကြိမ်မျှသာ လမ်းလျှောက် ကြခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းက ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခြင်းမျှသာဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်နှစ်ပေါင်းများစွာ မကုန်လွန်လို
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးဒေသဖြစ်သည့် အရှေ့တောင်အာရှတွင် တည်ရှိနေလင့်ကစား မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခများနှင့် ကာလရှည်ကြာလုံးထွေးရစ်ပတ်ရင်း ဖွံ့ဖြိုးမှု နောက်အကျဆုံးစာရင်းဝင်ဘဝမှပင် ရုန်းမထွက်နိုင် ဖြစ်နေရသည်။ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစွာ အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု အမှားအယွင်းများ၊ နိုင်ငံတကာပိတ်ဆို့မှုများနည်းတူ ပြည်တွင်း စည်းလုံးညီညွတ်မှုဆိုင်ရာ ပြဿနာများနှင့် လက်နက်ကိုင် ပဋိပက္ခများကလည်း ကြီးစွာသော အနှောင့်အယှက်၊ အဟန့် အတားများဖြစ်သည်။